အပိုင်း ( ၂၁ )

907 75 13
                                    

[ Zawgyi ]
---------------

မိုးရာသီဘက်သို့ကူးပြောင်းလာပြီဖြစ်တာကြောင့် ရာသီဥ တုကစိုစိုစွတ်စွတ်နှင့် အေးစိမ့်စိမ့်လေးဖြစ်နေသည် ။ ညတုန်းကမိုးရွှာထားတာမို့ ယနေ့မနက်ခင်းဟာ သာယာနေတော့သည် ။ ထိန်ထိန်လင်းနေတဲ့နေရောင်ခြည်မရှိပဲ မိုးအုံ့အုံ့လေးမို့ လရောင်အတွက်တော့ အပြင်ထွက်ရမှာစိတ် တိုင်းတကျကိုဖြစ်လို့ ။ သူက ရာသီဥတုဆိုလျှင်ဆောင်းရာသီကိုအကြိုက်ဆုံး ။ ပူလွန်းလျှင်လည်းမကြိုက် … စိုစိစိဖြစ်နေရင်လည်းမနေတတ်သောမိုးရာသီကိုလည်း မနှစ် သက်ပြန် ။ ယခုလိုအခြေနေမျိုးလေးကိုသာ သဘောတကျရှိတာမို့ ဒီနေ့အန်တီမိုးနှင့်ဘုရားသွားဖို့ရာအတွက် လရောင်တစ်ယောက်တက်ကြွနေတော့သည် ။

ဗေဒင် ယတြာတို့ကိုယုံတဲ့တီမိုးဟာ ဆယ်တန်းအောင်စာရင်းထွက်ဖို့ရက်နီးလာတော့ ဓာတ်တွေနံတွေနှင့်စီရင်ပေးလိုက်သော ဗေဒင်ဆရာရဲ့ယတြာနဲ့အတူ ယနေ့မနက်စောစောထကာ သူတို့တူဝရီး ၂ ယောက်လုံး ရွှေတိဂုံဘုရားသို့သွားရပါမည် ။ ဒါကြောင့် အပြာနုရောင် shirt လက် တိုလေးကို ယောပုဆိုးအနက်ဖြင့်တွဲဝတ်ပြီးချိန် လရောင် ရဲ့ပြင်ဆင်ချိန်ဟာသိပ်မကြာလိုက် ။

ငယ်စဉ်ကတည်းကအုန်းဆီမွှေးကိုသာ တီမိုးကကျောင်းသွားတိုင်းလိမ်းပေးနေကျမို့ အုန်းဆီရွှဲရွှဲနဲ့ဘေးခွဲဆံပင်ဟာ သပ်သပ်ရပ်ရပ်ဖြင့်ခေါင်းပေါ်တွင်ချပ်ကပ်နေသည် ။ မရှိမဖြစ်လိုအပ်သောအဖော်မွန်ဖြစ်တဲ့ ခပ်ဝိုင်းဝိုင်းပါဝါမျက်မှန် ကိုတပ်ပြီးချိန် မှန်ထဲမှာပေါ်နေသောကောင်လေးဟာ ပိန်ပိန်သေးသေးနှင့် ၈ တန်းကျောင်းသားအရွယ်စာဂျပိုးလေးအလား ???

ညီဝမ်းကွဲထက်ပင် လူကောင်သေးနေသောသူ့ကို တော်တော်များများက ၁၀ တန်းဆိုတာကိုသိပ်မယုံချင်ကြ ။ ဒါလည်းထားပါလေ … ငယ်သူငယ်ချင်းမဖြစ်သူ လေပြေနဲ့အရွယ်ကမတိမ်းမယိမ်းမို့ အနည်းငယ်ခံသာ၏ ။ ပုပုသေးသေးနှင့်လေပြေဟာလည်း သူ့နည်းတူ မျက်မှန်ကူရသောမှန်ကြောင်မလေးပင်ဖြစ်သည် ။ ယခုလည်း နေ့နာမ်တူသောလေပြေ့အတွက်ပါပေါင်းပြီး ယတြာချေပေးရပါအုံးမည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Hikayelerin yaşadığı yer. Şimdi keşfedin