[ Zawgyi ]
----------------ပထမနှစ်ဝက်စာမေးပွဲက တဖြည်းဖြည်းနဲ့နီးလာပြီမို့လုပ်စရာရှိတဲ့စာများကိုအကြွေးတွေမပုံအောင် သွင်သစ်မှာ စာပြန်ကြည့်နေရသည် ။ ခုဆို သွင်သစ်ဟာ နောက်ဆုံးနှစ်ကျောင်းသားပင်ဖြစ်နေလေပြီ ။ ပထမနှစ်တက်တုန်းကလို စာကိုအပတ်တကုတ်မလုပ်ဖြစ်တော့ပဲ တစ်နှစ်ထက်တစ် နှစ်ပိုပိုအပျင်းတက်လာမှန်းလည်း သူ့ကိုယ်သူသိသည် ။
ယခုတော့ နောက်ဆုံးနှစ်လည်းရောက်နေပြီမို့ စာကိုပုံမှန်ပဲလုပ်ဖြစ်နေ၏ ။ အရင်လိုအပျင်းကြီးတဲ့အကျင့်တွေကိုဖျောက်ကာ မှတ်စရာရှိတာမှတ် စုစရာရှိတဲ့စာများကိုလိုက် စုပြီး ခုကတည်းကကြိုတင်ပြင်ဆင်မှသာ အနားနီးလျှင်စာအကြွေးမပုံမှာ ။ ဒါကြောင့် ပိတ်ရက်ရောက်လျှင်တောင် အပြင်သိပ်မထွက်ဖြစ်တော့ ။
ဤသည်မှာ အကြောင်းပြချက် နံပါတ် ( ၁ ) ။
တကယ်တော့ ဦးနဲ့စကားများထားတာမို့ အချိန်အားနေလျှင်တောင် ဦးရဲ့အိမ်ကိုတမင်မသွားမိအောင်နေ၏ ။ ဦးကတော့ အားရင်အားသလို ဖုန်းနဲ့ဖြစ်စေ စာနဲ့ဖြစ်စေ ဆက်သွယ်ကာချော့တတ်သည် ။ အိမ်ချင်းနီးသော်လည်း သွင်သစ်စိတ်မကြည်မှန်းသိလို့ အိမ်ထိတော့လိုက်မလာခဲ့ ။ ဒါကြောင့် သွင်သစ်လည်း အားတဲ့အခါတိုင်း ဦးဆီသို့သွားချင် စိတ်များကိုချိုးနှိမ်ကာ စာဘက်ကိုအာရုံလှည့်ထားဖြစ်သည် ။ ဒါဟာ အကြောင်းပြချက်နောက်ထပ်တစ်ခုပေါ့ ။
ကျွန်တော်က ခနခနစိတ်ဆိုးစိတ်ကောက်တတ်သူမဟုတ် ပါဘူး ။ အားနေစိတ်ဆိုးရအောင်လည်း မိန်းမလေးမဟုတ် ။ သို့ပေမဲ့ ဦးနဲ့ဆိုလျှင်တော့ ဆိုးချင်တဲ့စိတ်ကဘယ်လိုမှချိုးနှိမ်လို့မရပါ ။ စိတ်ရှည်လက်ရှည်နဲ့ကျိုးကြောင်းကျကျရှင်းပြပြီးချော့တတ်တဲ့ ဦးရဲ့ပုံစံကိုသဘောကျသည် ။ အလိုလိုက်ပြီးဂရုစိုက်တတ်သောသွင်ပြင်ကို နှစ်သက်နေမိတဲ့ အခါ ထိုအရာကပဲကျွန်တော့်ရဲ့စိတ်ကို ကလေးဆန်စေ၏ ။ ဒါကြောင့်လည်း တစ်ခုခုမကျေနပ်တာရှိရင် ဦးကိုစကားမပြောတော့တာအကျင့် ။ ထိုလူသားကလည်း ကျွန်တော် ဘယ်လိုနေတယ် ဘယ်လိုအကျင့်ရှိတယ်ကအစ အူမချေးခါး အကုန်သိနေတာမို့ စိတ်ပြေအောင်ချော့ဖို့ကို ၂ ခါစဉ်းစားတဲ့သူမဟုတ် ။
أنت تقرأ
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
أدب المراهقينTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...