အပိုင်း ( ၄၀ )

981 80 9
                                    

[ Zawgyi ]
----------------

" တခြားသူတွေကော မပါဘူးလား ရန်နောင် ? "

ပိုင်စေနဲ့အတူ အိမ်ထဲသို့ဝင်လာရင်းမှ သူ့ကိုလှမ်းမေးသည် ။ ယခု သူတစ်ယောက်ထဲ ပိုင်စေ့ရဲ့အိမ်ကိုလာခဲ့ခြင်းဖြစ်သည် ။ အကြောင်းကတော့ ထွေထွေထူးထူးမရှိပေမဲ့ ခရီးကပြန်ရောက်ပြီးကတည်းက အိမ်တွင်းအောင်နေတဲ့ အမောင်ပိုင်စေဟာ ဖုန်းဆက်ပြီးတွေ့ဖို့ချိန်းလျှင်တောင် မလာတော့ ။ တစ်ခါတစ်ရံဖုန်းဆက်ရင်တောင်မကိုင်တော့ပဲ အသံကိုကစိတ်မပါလက်မပါဖြစ်နေ၍ ပိုင်စေ ဒီအတောအတွင်း မူမမှန်တာကို ရန်နောင်သာမက သူတို့တစ်ဖွဲ့လုံးလည်းသိကြသည် ။

ယခုလည်းကြည့် … အားတဲ့နေ့မို့ သူတစ်ယောက်ထဲအိမ် ထိလိုက်လာမိပါရဲ့ ။ မိုင်မိုင်တွေတွေရုပ်နဲ့ဆီးကြိုရုံမက ပုံစံကလည်း မျောက်အိုကြီးလှည်းနင်းခံထားရသလို မအီမလည်နှင့် ။ မသိရင် ဒီကောင့်ပုံစံကအသည်းကွဲနေသလိုလို ။ နေပါအုံး … အသဲကွဲရအောင် သူ့ကိုခွဲမဲ့အသည်းဆိုလို့ သူ့ရဲ့မတစ်ယောက်ပဲရှိတာ … မဟုတ်မှလွဲရော ???

" မင်း အခန်းထဲသွားရအောင် … ငါ မင်းနဲ့စကားအေးဆေးပြောချင်လို့ တစ်ယောက်ထဲလာခဲ့တာ … ဧည့်ခန်းထဲမှာတော့ မပြောချင်ဘူး "

" အင်း "

ခေါင်းညိတ်ရုံသာပြုပြီး ရှေ့ကတော့လေးလံသောခြေလှမ်းများဖြင့် အပေါ်ထပ်တွင်ရှိသောသူ့ကိုယ်ပိုင်အခန်းထဲသို့ တက်သွားတဲ့ပိုင်စေ ။

သူငယ်ချင်းဖြစ်သူရဲ့ပုံစံကိုကြည့်ပြီး ရန်နောင် သက်ပြင်းချမိသည် ။ ပိုင်စေ့ရဲ့ယခုလက်ရှိပုံစံကို သူ ဘယ်လိုမှအားမရပါ ။ အရင်ကဆို ပိုင်စေကခုလိုမျိုးမဟုတ် ။ သွက်သွက် လက်လက်နဲ့ သူတို့ဆီကိုအမြဲတမ်းချောင်းပေါင်းမတက် လာနေတဲ့သူမျိုး … ဖုန်းတဂွမ်ဂွမ်ဆက်တတ်တဲ့သူမျိုး ။ တစ်ချို့ကိစ္စတွေမှာ သူ့ဟာသူသီးသန့်နေတတ်တယ်ဆိုပေမဲ့ ခုလိုမျိုးငြိမ်သက်အေးဆေးပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့လဒမှိုင်မှိုင်နေသောသူတစ်ယောက်တော့ မဟုတ်ပါ … ဒါကိုရန်နောင်ကောင်းကောင်းသိသည် ။

ယခုလည်း အခန်းထဲကိုဝင်ပြီး ခုတင်ပေါ်သို့စိတ်မပါလက် မပါထိုင်ချပစ်လိုက်သော ပိုင်စေကြောင့် သူပါ ခုတင်ထောင့်စွန်းနားမှာဝင်ထိုင်လိုက်သည် ။ ဒီနေ့တော့ ပိုင်စေနဲ့သူ ပြောစရာတွေများမယ်မှန်း ရန်နောင်သိလိုက်ပါသည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now