အပိုင်း ( ၄၇ )

791 82 18
                                    

[ Zawgyi ]
----------------

မေမေဂျူတီကျရာဆေးရုံကနေ အိမ်ပြန်လာတဲ့လမ်းတစ်လျှောက် သွင်သစ်ရဲ့ခြေလှမ်းတွေဟာ ပေါ့ပါးနေတော့သည် ။ ကျောင်းပိတ်ထားတာမို့ သွင်သစ်ဆီမှာအားလပ်ရက်တွေရှိနေပြီမဟုတ်လား ??? အဲ့ဒါကြောင့် ဒီနေ့ကျောင်းကသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ကိုသွားရင်း မေ့မေ့ရဲ့ဆေးရုံနဲ့လည်းနီးနေတာမို့ ခနဝင်တွေ့ဖြစ်သည် ။

မေ့မေ့အကြောင်းကိုတွေးနေရင်း တဆက်ထဲဆိုသလို ကျောင်းပိတ်လိုက်ပြီမို့ သူဖြစ်ချင်တဲ့ဆန္နလေးကိုတောင်းဆိုနေသော တစ်ယောက်သောသူရဲ့မျက်နှာဟာ ခေါင်းထဲသို့တန်းခနဲ ။ date မဲ့အကြောင်းကိုခနခနပြောလွန်း၍ သွင်သစ်ရဲ့ညစ်ကျယ်ကျယ်စိတ်ကလေးဟာ တမင်သက် သက်အချိန်ဆွဲနေမိတဲ့အထိ ။

ကိုယ့်ဘာသာကိုယ်တွေးနေရင်း သဘောတကျနဲ့ဟက်ခနဲရီမိသွားသည် ။

ထိုအချိန်မျက်စိကဘာရယ်မဟုတ်ပဲ ဟိုဟိုသည်သည်ကြည်လိုက်တော့ မြင်ကွင်းထဲသို့အုပ်စုတစ်စုကဝင်ရောက်လာ၏ ။ သွင်သစ်တို့ရဲ့ရပ်ကွက်လေးက သန့်သည် ။ တိတ် ဆိတ်သည် ။ လူပြတ်တာမျိုးမဟုတ်ပေမဲ့ လမ်းမပေါ်မှာတော့ လူသွားလူလာနည်းပါသည် ။ မေ့မေ့ဆီကပြန်လာရင်း အိမ်နားသို့မရောက်ခင် လူရှင်းသောလမ်းကြားထဲ၌ မတ်တပ်ရပ်နေသော ယောကျာ်းလေးအုပ်စုတစ်စု ။ ထိုကြားလမ်းလေးဟာ လူနေအိမ်နည်းသည် ။ သစ်ပင်ချူံပုတ်တွေသာများတာမို့ ညဘက်တွေဆို အတွဲတွေအများစုချိန်းတွေ့တတ်ကြတဲ့နေရာလေးပေါ့ ။

အစကတော့ထိုမြင်ကွင်းကိုအမှုမဲ့အမှတ်မဲ့ထားကာဖြင့် ခြေလှမ်းတွေကိုရှေ့ဆက်လျှောက်ရန်ပြင်လိုက်စဉ် မျက်စိ ထောင့်ကနေ လှမ်းမြင်လိုက်ရသည်က မြေကြီးပေါ်သို့ဆောင့်တွန်းခံလိုက်ရသော လူတစ်ယောက် ။

ရုတ်တရက် သွင်သစ်ရဲ့ခြေလှမ်းတွေရပ်သွားကာ ထိုအုပ် စုထံသို့အကြည့်တွေကိုသေချာပို့လိုက်သည် ။ ထိုအခါမှသာ ထိုသူများကသာမာန်ရပ်ပြီးစကားပြောနေခြင်းမျိုးမဟုတ်မှန်းနားလည်လိုက်ချိန် မျက်နှာတွေကိုအသေအချာလိုက်ကြည့်မိတော့မှ အံ့သြသွားခဲ့ရသည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Nơi câu chuyện tồn tại. Hãy khám phá bây giờ