[ Zawgyi ]
----------------အကိုနဲ့ကျွန်တော်မတွေ့ဖြစ်တာ ရက်နည်းနည်းတောင်ကြာပြီ ။ ဟိုတစ်ခါ club ကအပြန် အကိုမူးပြီးကျွန်တော့်ကိုနမ်းခဲ့တုန်းက လရောင်တို့ ၂ ယောက်စလုံး ထိုမျက်နှာပူစရာကိစ္စရပ်အား ကျော်လွှားခဲ့ရုံရှိသေး … အခုလည်း အကို့ရဲ့ condo မှာ "ချစ်တယ် " ဆိုတဲ့စကားကို ထိန်းချုပ်မှုကင်းမဲ့စွာပြောခဲ့မိသည် ။
သတိလက်လွတ်ဖြစ်သွားတာဆိုပေမဲ့ ကျွန်တော် အကို့ကိုမျက်နှာချင်းမဆိုင်ရဲပါ ။ အကို့အပေါ်မှာထားတဲ့ကျွန်တော့်ရဲ့စိတ်ခံစားချက်ကို လှစ်ဟပြလိုက်မိတာမို့ အကိုကျွန်တော့်အပေါ် အထင်သေးသွားမှာ တစ်မျိုးမြင်သွားမှာကို လရောင်မလိုလား ။
ဒါကြောင့် ကျွန်တော့်ကိုမြင်ရင် အကိုအနေရခက်မှာစိုး၍ တတ်နိုင်သမျှရှောင်နေမိသည် ။ အကိုနဲ့အတူ အပြင်သွားဖို့လေပြေခေါ်တိုင်းငြင်းရလွန်း၍ သူငယ်ချင်းမဖြစ်သူက ကျွန်တော့်ကိုပင်စိတ်ကောက်ချင်ချင်ဖြစ်နေပြီ ။ ယခုလည်း လေပြေ့ရဲ့အကို ကိုစေမြဲနဲ့ပယင်းတို့ကချစ်သူဖြစ်သွားတာမို့ လူစုံတက်စုံကိုမုန့်ကျွေးချင်ပါတယ်ဟုဆိုကာ လေပြေ့ရဲ့နားပူညံ့စွာ အိမ်တိုင်ရာရောက်လာခေါ်နေခြင်းကြောင့် လေပြေ့အိမ်သို့ လရောင်ခမျာမလိုက်မဖြစ်လိုက်သွားခဲ့ရလေသည် ။
လေပြေ့ရဲ့အိမ်မှာအကို့ကိုမတွေ့၍ သက်ပြင်းချရုံရှိသေး ခနအကြာမှာရုတ်တရက်ကြီး အကိုကရောက်လာသောကြောင့် လရောင်တစ်ယောက်ပြေးပေါက်မဲ့သူနှယ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ။
မုန့်စားနေရင်း အကို့ရဲ့မျက်လုံးတွေက လရောင်ဆီသို့ရောက်လာတိုင်း မနေတတ်စွာ ထိုအကြည့်တွေကိုရှောင်ဖယ်မိသည် ။ နောက်ဆုံး အကိုကဖုန်းသွားပြောအုံးမယ်ဟုဆိုကာ ထိုင်နေရာမှထသွားလေသည် ။
လရောင်ရဲ့နားထဲမှာ လေပြေတို့ရဲ့ရီသံတွေ ရန်နောင်နဲ့ အသစ်တို့သူငယ်ချင်းအုပ်စုရဲ့စနောက်သံတွေထဲ အာရုံမရှိ ။ ဖြစ်နိုင်ရင်ဒီနေရာကနေ မြန်မြန်ပြန်ချင်လှပြီ ။ ဒါကြောင့် လေပြေ့ကိုသန့်စင်ခန်းသွားအုံးမည်ဟုဆိုကာ စားပွဲက နေ ထလာခဲ့လိုက်တော့သည် ။ စိတ်ရူပ်ထွေးခြင်းတွေကို ရေအေးအေးနဲ့မျက်နှာသစ်ပစ်လိုက်ရင်တော့ အနည်းငယ် သက်သာကောင်းပါရဲ့ ။
YOU ARE READING
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...