အပိုင်း ( ၃၀ )

951 69 20
                                    

[ Zawgyi ]
----------------

လရောင်ရဲ့ကျောင်းတက်ချိန်တွေကတော့ ဒုတိယနှစ်ဖြစ်လာသည့်တိုင် မပြောင်းမလဲနှင့်ပုံမှန်ပင် ။
ပြောင်းလဲလာခဲ့သည်ကတော့ အကို … ။ အကိုနဲ့လရောင်တို့တွေပိုရင်းနှီးလာခဲ့ကြတယ် … ပိုပြီးနွေးထွေးလာခဲ့ကြတယ် ။ အထူးသဖြင့် လေပြေ့အပေါ်မှာဆက်ဆံတဲ့အကို့ရဲ့ဂရုတစိုက်ရှိမှုတွေက သိသိသာသာနဲ့ပင်ပေါ်လွင်နေခဲ့ပါသည် ။

ထိုအရာတွေကိုမြင်တွေ့ရလျှင် လရောင်ရဲ့စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားတတ်သည် ။ ဒါဟာသူငယ်ချင်းမအတွက် ဝမ်းသာခြင်းလား … အကိုဖြစ်နေလိုသဘောတကျရှိခြင်းလား … အကိုဖြစ်နေလို့များ စိတ်ခံစားချက်တွေကနားလည်ရခက်နေတာလားဆိုတာ တစ်ခါတစ်ရံလရောင်ကိုယ်တိုင်လည်း ဝေခွဲရခက်လှ၏ ။

" စာမေးပွဲဖြေနိုင်ရဲ့လား လရောင် ? "

အမြဲတမ်းပေါ့ပါးပြီးနွေးထွေးနေသောအသံဟာ လေလိုင်းကနေတဆင့် လရောင်ရဲ့စိတ်ကိုလုံခြုံသွားစေတယ်ဟုခံစားလိုက်ရသည် ။

နောက်ပြီး ဒီနှစ်အတွင်းမပြောင်းမလဲဖြစ်သည့်အရာတစ်ခုဟာလည်း ရှိနေသေးသည် ။ ထိုအရာဟာ အကိုနဲ့လရောင် အဆက်အသွယ်ပြတ်မနေခြင်းပင် ။ နေ့တိုင်းမဟုတ်သည့်တိုင် ညဘက်တိုင်းကိုတော့ အကိုနှင့်ဖုန်းပြောဖြစ်သ လို massager ကနေလည်း စကားပြောဖြစ်ကြသည် ။
ဖုန်းမပြောဖြစ်တဲ့နေ့တွေရှိရင်တောင် အကိုက chatbox ကနေစကားများလာပြောတတ်သည် ။

ယခုလည်း စာမေးပွဲဖြေနေရသည့်လရောင်ကို သတိတရနဲ့ဖုန်းဆက်မေးနေပြန်၏ ။ လေပြေ့ကိုကော ယခုလိုပဲဖုန်းဆက်မေးမယ်နဲ့တူတယ် … ဟုတ်မှာပါလေ ။

" ဟုတ် အဆင်ပြေပါတယ်အကို … အပုဒ်စေ့ဖြေနိုင်ခဲ့တယ် "

" ကောင်းတာပေါ့ … ဒါဆို မနက်ဖန်တစ်ဘာသာပြီးရင် လရောင်လည်း ဒုတိယနှစ်ပြီးပြီနော် ? ဘာလိုလိုနဲ့အကိုတို့ဆုံတဲ့အချိန်တွေက ကုန်သွားတာမြန်လိုက်တာ … လရောင်နဲ့စသိပြီး ခုလိုရင်းနှီးခဲ့တာက ပြန်တွေးကြည့်တိုင်းမနေ့တစ်နေ့ကအတိုင်းပဲ "

" အင်းနော် … အကယ်၍ အကိုသာလေပြေနဲ့သိမနေရင် ကျွန်တော်တို့နှစ်ယောက် ဘယ်အချိန်ကျမှနောက်တစ်ခေါက်ပြန်ဆုံဖြစ်မလဲမပြောတတ်ဘူး "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Onde histórias criam vida. Descubra agora