[ Zawgyi ]
----------------" အားလားလား လေးလိုက်တာကွာ "
ရန်နောင်နဲ့ပိုင်စေတို့ရဲ့နားထဲသို့ ညည်းတွားသံခပ်ကျယ် ကျယ်တစ်ခုဝင်ရောက်လာတာကြောင့် သူတို့ ၂ ယောက် လုံးအနောက်ဘက်သို့ပြိုင်တူလှည့်ကြည့်မိကြသည် ။ မြင် လိုက်ရသောမြင်ကွင်းကြောင့်ပိုင်စေကခေါင်းခါသလို ရန်နောင်ကတော့ ဖြစ်ရမယ်ဆိုသည့်ပုံစံဖြင့်ပြုံး၏ ။
ထိုအရာကတခြားတော့မဟုတ် ။ ပလတ်စတစ်ထိုင်ခုံ ၅ ခုံလောက်ကိုစုကာထပ်ထားပြီး ထိုထိုင်ခုံတွေကိုအသစ်က လက်နှစ်ဖက်ဖြင့် မနေခြင်းသာ ။ ဆရာမတွေထိုင်သောနောက်မှီပလတ်စတစ်ခုံများဟာဟောင်းနွမ်းလာ၍ ကျောင်းအုပ်ကရန်ပုံငွေဖြင့်အသစ်တွေကိုလဲခိုင်းပြီး ကျောင်းသားများထိုင်သောသစ်သားခုံများကိုလည်း ကျိုးပဲ့နေတာတွေအားလက်သမားဆရာဖြင့်ပြန်လည်ပြင်ဆင်ခိုင်းခဲ့၏ ။
ယခု သူနဲ့ပိုင်စေက ကျောင်းသူကျောင်းသားများထိုင်သောသစ်သားခုံရှည်တွေကိုအဟောင်းကနေအသစ်ပြင်ပြီးသားဖြစ်၍ အခန်းထဲသို့ပြန်လည်သယ်ယူလာရသည် ။ ဒါ့ကြောင့် ရန်နောင်တစ်ယောက်ထဲမနိုင်၍ ပိုင်စေနဲ့အသစ်ကိုအကူခေါ်ရာ သူနှင့်ပိုင်စေက ခုံရှည်တစ်လုံးစီကိုပခုံးပေါ်သို့ထမ်းကာသယ်ယူရသလို အသစ်ကိုတော့ခပ်ပေါ့ပေါ့ပစ္စည်းဖြစ်သော ပလတ်စတစ် ၅ ခုံပူးထားတာကိုပဲသယ်ခိုင်းဖြစ်သည် ။ ဒါကို ညည်းညူသည့်သူမှာ အသစ်ဖြစ်နေခြင်းက ရန်နောင့်အတွက်မထူးဆန်းတော့ပါ ။ အသစ့်ကိုကူခိုင်းလို့ရတဲ့အရာတွေဆိုရင် ဥာဏ်ရည်သုံးရသည့်အရာများသာရသည် ။ ခုလိုခန္ဓာကိုယ်အင်အားကိုသုံးရသည်အရာအတွက်တော့ အသစ်ဟာဘယ်တော့မှအားကိုးလို့ရသောသူမဟုတ် ။
" ငါတို့ကိုလည်းအားနာပါအုံးသွင်သစ်ရာ … ဒီမှာ ငါနဲ့ရန် နောင်ကခုံအလေးကြီးတွေကိုသယ်နေရတာ … မင်းကို ကျ အပေါ့ဆုံးလေးပဲသယ်ခိုင်းတာလေကွာ … ခုတော့မင်းရုပ်က ကမ္ဘာ့အလေးဆုံးပစ္စည်းကိုသယ်နေရသလိုပဲ ချီးထွက်တော့မဲ့ရုပ်နဲ့ "
" မင်းတို့နဲ့ငါကတူမလားကွ … ဒီပလတ်စတစ်ခုံတွေကလည်း လေးတယ် … မယုံရင်မင်းသယ်ကြည့်လေ … လွတ်ကျမှာစိုးလို့လက်ကိုကုတ်ပြီးသယ်ရတာ လက်အံကိုသေနေတာပဲ … လက်လည်းတော်တော်တောင့်နေပြီ "
![](https://img.wattpad.com/cover/186348796-288-k702948.jpg)
STAI LEGGENDO
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...