အပိုင်း ( ၄၄ )

925 88 14
                                    

[ Zawgyi ]
----------------

အဲ့နေ့ညကအဖြစ်ပျက်ကြောင့် လရောင် အကို့ကိုရှောင်နေမိသည် ။ မျက်နှာပူပြီးရှက်လို့ကော အကို့ကိုမျက်နှာချင်းပါမဆိုင်ရဲတာကြောင့်ကောပါ၏ ။ အကိုသည်လည်း ဖုန်းခေါ်တိုင်းမကိုင်တာကြောင့် နောက်ရက်တွေမှာထပ်မခေါ်တော့ ။ အဲ့လိုကျပြန်တော့ လရောင်စိတ်ထဲကလိကလိနှင့် နေရထိုင်ရခက်ပြန်သည် ။

၂ ရက်လောက်ကြာပြီးတော့ အကို့ဆီကနေ massage ရသည် ။ ပြောစရာရှိတယ်ဆိုတဲ့အကြောင်းနှင့်သူ့ကိုလာ တွေ့ပေးဖို့ တောင်းဆိုထားသည် ။ လရောင်လည်းအကို့ကို တွေ့ချင်နေတာမို့ ပြန်စာပို့ရင်း လက်ခံလိုက်မိသည် ။

အကိုနဲ့တွေ့ရင် စကားကိုဘယ်ကစပြောရမှာပါလိမ့် ။
အကို့ကိုကော မျက်လုံးချင်းဆုံပြီးကြည့်နိုင်ပါ့မလား ။
ဟင့်အင်း !!!  အဲ့နေ့ညကကိစ္စက ခုချိန်ထိ လရောင်ရဲ့ရင်ထဲမှာ တအုံနွေးနွေးဖြင့် ပြန်တွေးလိုက်တိုင်းမျက်နှာတစ်ခုလုံးပူနေတုန်းပဲ ။ ရင်တွေအဆမတန်ခုန်လာတတ်တာက ကိုယ်တိုင်လည်းဘယ်လိုမှထိန်းချုပ်လို့ပင်မရပါ ။

အဲ့နေ့ကိစ္စနဲ့ပတ်သတ်ပြီး အကိုကောဘယ်လိုခံစားရမလဲ ဆိုတာ ကျွန်တော်မသိဘူး ။ အကိုပျော်နေမလား ကြည် နူးနေမလား … ကျွန်တော့်လိုပဲ ရင်ခုန်နေမလားဆိုတာကိုတွေးရင်း နောက်နေ့အကိုနဲ့တွေ့ဖို့အတွက် အချိန်မစောင့်နိုင်တဲ့အထိဖြစ်နေသူမှာ လရောင်ပင်ဖြစ်၏ ။

•••••••••••••••••••••••••••••••••••••••••••••••••

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်က သူ့ရဲ့အတွေးတွေကိုပို၍ အတွေးပွားစေသည် ။ တဖြည်းဖြည်းနဲ့ပိုပြီးရူပ်ထွေးလာတဲ့စိတ်အစဉ်ဟာ  ဝေခွဲရလည်းခက်နေပြန်သည် ။ အခုချိန် စိုင်းလက်ရာတစ်ယောက် သူ့ကိုယ်သူလည်း နားမလည်နိုင်တော့ပါ ။

အခု သူ လရောင်နဲ့တွေ့ဖို့ချိန်းထားတဲ့ကန်တော်ကြီးထဲသို့ရောက်နေခြင်းဖြစ်သည် ။ လရောင်ကိုချိန်းသာချိန်းလိုက်ရတာ ဆုံးဖြတ်ထားပြီးတဲ့သူ့ရဲ့ဆုံးဖြတ်ချက်တွေက အခုတော့ယိုင်နဲ့နဲ့ဖြစ်နေတာ ဘာကြောင့်ရယ်မှန်းမသိ ။ သူသိတာ သူ လရောင်ကိုတောင်းပန်ဖို့ပဲဖြစ်သည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now