အပိုင်း ( ၂၀ )

978 78 16
                                    

[ Zawgyi ]
---------------

ဒီနေ့သူမကိုကျူရှင်လာကြိုဖို့ရာ ကိုကြီးကမအားတာကြောင့် သူမတစ်ယောက်ထဲသာပြန်ရတော့မည် ။ သူမတစ်ယောက်ထဲလို့ဆိုခြင်းက နီလာလည်းပဲ ဒီနေ့ကိုနေမကောင်း၍ ကျူရှင်ခွင့်တိုင်ကာ မလာ ။ ဆုဆုနဲ့ကရပ်ကွက်မတူတာကြောင့် တူတူပြန်ဖို့အတွက်လည်းအဆင်မပြေပြန် ။ ထို့ကြောင့် စက်ဘီးတစ်စီးနဲ့အတူ သူမတစ်ယောက်ထဲအိမ်ပြန် လမ်းမှာ ပျင်းရိငြီးငွေ့စွာဖြင့် ခပ်မှန်မှန်သာမောင်းနှင်လာချိန် ... ရုတ်တရက် ။

တစ်ယောက်ထဲဖြစ်၍ အိမ်ကိုအမြန်ရောက်စေမည့် လူရှင်းသောဖြတ်လမ်း လမ်းကြားလေးထဲသို့ချိုးကွေ့ဝင်လိုက် စဉ် တစ်စုံတစ်ယောက်ဟာ သူမရဲ့စက်ဘီးရှေ့တည့်တည့်သို့ကာဆီးလိုက်၍ ဘရိတ်အမြန်အုပ်လိုက်ရသည် ။

" ရှိန်းး !!! "

သူမရဲ့ခပ်ဆတ်ဆတ်အော်လိုက်သံဟာ အနည်းငယ်ကျယ်လောင်သွားသည် ။ စက်ဘီးလက်ကိုင်ကိုကိုင်ရင်း သူမရဲ့မျက်စိရှေ့မှကောင်လေးကို မျက်မှောင်ကုတ်ကာကြည့်လိုက်ပြီး စိတ်ထဲမှာလည်းအလွန်ပင်ညည်းညူသွားခဲ့ရ၏ ။ ယခုလို ၂ ယောက်ထဲရှိနေတာမျိုးကို သူမ မကြိုက် ။

" နင်တမင်လုပ်တာမလား ? "

သူမမေးတာကို ပြန်မဖြေပဲ အပြုံးရေးရေးနဲ့အတူအနားသို့ လျှောက်လာတဲ့ရှိန်းဟာ ဘာကိုမှလည်းဂရုစိုက်မည့်ပုံမပေါ်ပါ ။ သူမပြောတာအမှန်ဖြစ်ကြောင်း ရှိန်းရဲ့မျက်လုံးတွေကသက်သေပြနေ၍ အနည်းငယ်လန့်သွားရသည် ။

သူမ ဆက်ပြီးစက္ကန့်အနည်းငယ်တောင်မှအတူဆက်ရှိမနေနိုင်တာကြောင့် စက်ဘီးလက်ကိုင်ကိုတင်းတင်းဆုပ်ကိုင်ရင်း နောက်ပြန်လှည့်မည်အပြု ... တန့်သွားတဲ့သူမရဲ့စက်ဘီးဟာ တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်သို့ရောက်သွားခဲ့၏ ။

" နင်ဒါဘာလုပ်တာလဲ ရှိန်း ? ငါ့စက်ဘီးကိုလွှတ် ! "

ရှေ့ခြင်းတောင်းနှင့်ချိတ်ဆက်ထားရာ စက်ဘီးလက်ကိုင် အလယ်တည့်တည့်နေရာသို့ ခပ်တင်းတင်းဖမ်းဆုပ်ထားသော ရှိန်းရဲ့လက်တွေကြောင့် သူမဘယ်လိုမှစက်ဘီးကိုတွန်းမရတော့ ။ အားချင်းမမျှ၍လည်း သူမရဲ့စိတ်က ပိုပိုဒေါသထွက်လာခဲ့သည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now