အပိုင်း ( ၄၃ )

885 79 25
                                    

[ Zawgyi ]
----------------

တံခါးခေါက်သံကြား၍ တံခါးဖွင့်ပေးလိုက်တဲ့အချိန် ကြည်လင်စွာနဲ့ပြုံးပြနေသော ဦး ။ အခန်းထဲမှနာရီကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ …

" ငါတို့ချိန်းထားတာ ၁၀ နာရီမလား ? ခုမှအစောကြီးရှိသေးတယ်လေ ဦးရ "

ကျွန်တော့်စကားကိုပြန်မဖြေပဲ အခန်းထဲသို့လူကိုတွန်းတိုက်ကာဖြင့်ဝင်လာပြီး ခုတင်ပေါ်၌ဝင်ထိုင်လေသည် ။

" စောတော့ပိုမကောင်းဘူးလား အသစ်ရဲ့ … ဒီနေ့က ငါတို့ ၂ ယောက်ရဲ့ first date လေးလေ "

ဦးရဲ့စကားကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး ဖျင်းခနဲခံစားလိုက်ရသည် ။

" အရေးတယူလုပ်လို့ကွာ … ခါတိုင်းလည်း ၂ ယောက်အ တူတူ အပြင်သွားနေကြကို "

အရှက်ပြေ ခေါင်းကိုကုတ်ကာပြောလိုက်ရင်း ဦးရဲ့အနားသို့လျှောက်သွားတော့ ကျွန်တော့်တစ်ကိုယ်လုံးကိုခြုံငုံပြီးကြည့်နေပြန်၏ ။

" ခုထိရေမချိုးရသေးဘူးလား ? မြန်မြန်လုပ်လေကွာ … ဘာလို့ ဝိရီယနည်းရတာလဲ ?? "

" ဟ ! ခုမှ ၉ နာရီပဲရှိသေးတာလေ … အေးဆေးပေါ့ … ငါကဘာပြင်ဆင်စရာရှိလို့လဲ ခနလေးနဲ့ပြီးတယ် … ဒါနဲ့ နေပါအုံး … မင်းပုံစံက ငါနဲ့အပြင်သွားမှာလား ပွဲတက်ဖို့သွားမှာလားပဲ … ရိုးထုတ်ထားလိုက်တာများ  အဟွန့် "

" အာ ဒီလောက်တော့ပြင်ဆင်ရမှာပေါ့ အသစ်ကလေးရ … ငါတို့ ၂ ယောက်အတွက် ဒီနေ့ကအမှတ်တရဖြစ်မဲ့နေ့ ပဲလေ … ဒီလိုပြင်ဆင်တာက ငါ့အတွက်ပုံမှန်ပါပဲ … အဟဲ မင်းမျက်စိထဲမှာသာ ငါကကြည့်ကောင်းပြီး ပိုချောနေတာဖြစ်မယ် "

" သေလိုက် ! "

" ကဲပါ … စကားနာထိုးမနေနဲ့တော့ … ရေမိုးချိုးပြင်ဆင် တော့ကွာ အသစ် … တော်ကြာ အိမ်ကထွက်တာနောက် ကျနေအုံးမယ် … သွားတော့ … သွား "

အနားသို့လျှာက်လာကာ လူကိုအတင်းရေချိုးခန်းထဲတွန်းပို့နေသော ဦးကြောင့် သွင်သစ်လည်းသက်ပြင်းချရင်း ခေါင်းခါလိုက်တော့သည် ။

အမှန်တိုင်းပြောရရင် သွင်သစ်လည်းပဲ ဒီနေ့လေးကိုရင်ခုန်ရပါသည် ။ ဦးရဲ့တော်တော်လေးဖြစ်နေသည့်ပုံစံကိုမြင်နေရ၍သာ စနောက်မိခြင်းဖြစ်၏ ။ ယခုလည်း သူ့ရဲ့ဗီဒီိုကိုဖွင့်ကာဖြင့် အဝတ်အစားရွေးပေးနေသောဦးကိုကြည့်ပြီး ပြုံးလိုက်မိသည် ။ ထိုအပြုံးကို ဦးမမြင်အောင် အမြန်ပဲရေချိုးခန်းထဲသို့ဝင်သွားလိုက်ကာ တစ်ယောက်သောသူရဲ့အလို ကျ အပြင်သွားဖို့အတွက် ပြင်ဆင်ရပါတော့တယ် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Donde viven las historias. Descúbrelo ahora