[ Zawgyi ]
----------------" မောင်နဲ့အဆက်သွယ်ရသေးလားဟင် ? "
တိတ်ဆိတ်နေတဲ့ကော်ဖီဆိုင်လေးထဲ ခပ်တိုးတိုးထွက်လာသော မဝံ့မရဲစကားသံလေးတစ်ခွန်း ။
ထိုစကားကြောင့် မျက်နှာချင်းဆိုင်ကကောင်မလေးခမျာသိသိသာသာပင်မျက်နှာပျက်သွားခဲ့သည် ။
" ပိုင်စေ့ကို သူတို့မိုးကုတ်ပြန်ခေါ်သွားကြတယ် မငြိမ်း "
စိတ်မကောင်းဟန်ဖြစ်နေသောမျက်နှလေးကိုကြည့်ရင်း သူမ မချိပြုံးလေးပြုံးကာခေါင်းညိတ်ပြလိုက်သည် ။
ထင်ထားပြီသားအရာတစ်ခုကိုသိလိုက်ရတယ်ဆိုပေမဲ့ သူမရင်ထဲနာကျင်နေတုန်းပါပဲ ။ ဖုန်းအဆက်သွယ်မရတော့တာ ဟိုတစ်နေ့ မောင့်ကိုသူ့အိမ်ကဆွဲခေါ်သွားကတည်းကဖြစ်သည် ။
" ယင်းတို့ဖုန်းဆက်ရင်တောင် သူ့မားမားကဖုန်းပေးမပြောဘူး မငြိမ်းရယ် … ကြည့်ရတာ ပိုင်စေ့ရဲ့ဖုန်းကိုသိမ်းထားတယ်နဲ့တူပါတယ် … ယင်းတို့သူ့ဆီဆက်လိုက်တိုင်း သူ့မားမားပဲကိုင်တာ "
သက်ပြင်းရှည်တစ်ခုက သူမတို့ရဲ့စားပွဲဝိုင်းလေးကိုလွှမ်းခြုံသွားခဲ့သည် ။
" တို့ထင်ထားပြီးသားပါ … ဖုန်းဆက်တိုင်းစက်ပိတ်ထားတယ်ဆိုကတည်းက မောင့်ဆီမှာ မောင့်ဖုန်းမရှိမှန်းတွေးမိပါတယ် … အဆက်သွယ်မရတာ ၁ ပတ်ပြည့်တော့မယ် ဆိုတော့ တို့ သူ့ကိုစိတ်ပူလို့ပါ … တို့ကြောင့်နဲ့ သူဘယ် လောက်တောင်သူ့အိမ်ကဆူပူတာကိုခံနေရလဲမသိဘူး "
" စိတ်မကောင်းမဖြစ်ပါနဲ့ မငြိမ်းရယ် … အခုနေ ပိုင်စေ့ကိုဆက်သွယ်မရလည်း တစ်ချိန်ချိန်တော့ရလာမှာပါ … ယင်းတို့ကြိုးစားကြည့်ပေးမယ်လေ နော် … ဘယ်လိုမှကြံရာမရတော့ရင်တော့ ကိုနေကမိုးကုတ်လိုက်သွားပေးဖို့ ဆုံးဖြတ်ထားတယ် … အဲ့ကျ ပိုင်စေနဲ့တွေ့ပြီးရင်အကြောင်းစုံကိုသိရမှာ "
သူမလေးဘေးနားက ကိုစေမြဲကို ငြိမ်းလှမ်းကြည့်လိုက်သည် ။ သူမကြောင့်နဲ့ဘယ်သူ့ကိုမှ ဝန်မပိုစေချင်ပါ ။
" ဟုတ်တယ် ငြိမ်း … ပုံမှန်လည်းအလုပ်ကိစ္စနဲ့ခရီးထွက် နေကျဆိုတော့ ဒီတစ်ခါမန္တလေးကိုဆင်းရရင်မိုးကုတ်ကိုပါဆက်သွားမလို့လေ … ကျွန်တော့်ကိုအားနာစရာမလိုဘူး … ပိုင်စေဆိုတာကလည်း ကျွန်တော့်ရဲ့ညီလေးလိုပါပဲ "
YOU ARE READING
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...