[ Zawgyi ]
----------------ပိုင်စေတို့သူငယ်ချင်းတွေအားလုံး စာမေးပွဲများပြီးသွားကြ၍ ဆိုင်တစ်ဆိုင်မှာဆုံကာ စကားလက်ဆုံကြနေတော့သည် ။ မ လည်းပဲအတူ သူတို့နဲ့ပါ၏ ။
ရန်နောင်ရယ် သွင်သစ်ရယ် ပယင်းရယ်က တစ်ဖက်ခြမ်းမှာထိုင်ကာ ၊ သူရယ် မရယ်က တစ်ဖက်မှာထိုင်သည် ။
" ခုမှပဲ မငြိမ်းနဲ့အေးဆေးတွေ့ရတော့တယ် … ယင်းက ဆုံချင်နေတာ … စာနဲ့လုံးပန်နေရတာအကြီးအကျယ်ဆိုတော့ ဖုန်းပဲပြောဖြစ်တယ် … ခုလို ပိုင်စေနဲ့အဆင်ပြေသွားတာမြင်ရတော့ ယင်းလည်းစိတ်ချမ်းသာတယ်သိလား … မဟုတ်ရင် ပိုင်စေ့ရဲ့မျောက်အိုကြီးလိုထိုင်မိုင်နေတာကိုကြည့်ပြီး စိတ်ညစ်လွန်းလို့ "
ပယင်းရဲ့စကားကြောင့် မကအသံထွက်ကာပင်ရီသည် ။ ပိုင်စေရဲ့မျက်နှာကတော့ ရူံ့မဲ့ကာသွားကာဖြင့်ပယင်းကိုပြန်ချေပမိတော့တယ် ။
" အေးပါ အချိန်မကောင်းတုန်းကဖြစ်ခဲ့တာတွေနဲ့ငါ့ကိုဖဲ့ သိလား ? ငါတို့ကိုအားကျရင် နင်လည်းရှာလေ … ငါတို့ အဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက်ထဲဆိုလို့နင်ပဲပါတာ … ခုတော့ နင်တစ်ယောက်ပဲဂေါ်မစွံကြီးဖြစ်နေ ဟား "
" ခွီ ဟုတ်ပ … ပိုင်စေပြောတာ ငါလက်ခံတယ် "
သူ့စကားကို သွင်သစ်ကပါရီရင်းထောက်ခံလေတော့ ပယင်းခမျာ မကျေမနပ်ဖြစ်သွားပုံရသည် ။ အဲ့လိုဖြစ်အောင်ပဲတမင်စလိုက်တာမို့ ပိုင်စေတစ်ယောက် ကျေနပ်စွာပင်ရီနေမိတော့သည် ။
" အောင်မာ ! ၂ ကောင်သား ဒါမျိုးကျရင်တော့ အတိုင်ဖောက်ညီလိုက်တာများ … ဒီမှာဟဲ့ … ငါကမရတာမဟုတ် ဘူးနော် … မလိုချင်တာ … ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေးနေတာပဲကောင်းတယ် … အပူမရှာချင်ဘူး "
" နင် ငါ့အကိုစေမြဲကို ရက်စက်တော့မလို့လား "
" အမ် ? သူ သူ့နာမည်ကဘာကိစ္စနဲ့ပါလာတာလဲ "
" ဟုတ်တယ်လေ … နင့်နားမှာ တစ်ချိန်လုံးအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတာဆိုလို့ ကိုစေမြဲပဲရှိတယ် … ငါတို့အဖွဲ့ထဲ တစ်ကိုယ်တည်းသမားမကျန်အောင် နင် ကိုစေမြဲနဲ့တွဲလိုက်ပါလား ပယင်း ? နင်တို့ကလိုက်ပါတယ် "
YOU ARE READING
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...