အပိုင်း ( ၃၁ )

781 62 0
                                    

[ Zawgyi ]
----------------

ပိုင်စေတို့ ထားဝယ်ကိုသွားဖို့ ရန်ကုန်ကနေစထွက်တော့ ညပင်မိုးချုပ်နေခဲ့ပြီ ။ ဦးငယ်ကိုပြောပြပြီးခွင့်တောင်းတော့ ဦးငယ်ကထိုခရီးကိုခွင့်ပြုပေးပါသည် ။

ညဘက်တောက်လျှောက်မောင်းရမည်မို့ မ ကသူ့ကိုစိတ်မချဖြစ်နေတာကို မြင်ရပြန်၍ ပိုင်စေတစ်ယောက်ပင်ပန်းရမည်ကိုပင်မမှုနိုင် ... အပျော်ကြီးကိုပျော်နေမိသည် ။ မ ကအိမ်ကိုပြန်ပြီးလိုအပ်တာတွေယူ၏ ။ သူကတော့ကိစ္စမရှိ ။ တစ်ခုခုလိုအပ်လာလျှင် ဝယ်လိုက်မည် ။ မ ကိုသူ့အတွက်နဲ့တော့အချိန်မပုပ်စေလိုပါ ။ ဒါကြောင့် ကားကိုသာအနည်းငယ်စစ်ဖြစ်သည် ။ ခရီးဝေးသွားရမည်မို့ ဒါဟာအဓိကအလိုအပ်ဆုံးမဟုတ်လား ... ။

ထို့နောက် သူတို့ရဲ့ပထမဦးဆုံး ၂ ယောက်ထဲအတူတူသွားရသော ခရီးစဉ်လေးဟာစတင်ခဲ့ပါသည် ။ လမ်းတစ်လျှောက်လုံး ပိုင်စေ့ရဲ့စိတ်တွေဟာ ပျော်ပါးနေခဲ့သည် ။ မ ခမျာကားမောင်းနေရတဲ့သူ့ကိုစိတ်ပူ၍ တစ်လမ်းလုံးစကားပြောပေးရှာသည် ။ မ ကိုပင်ပန်းမှာစိုး၍ နားစေချင်သော် လည်း ယခုလိုသူ့ကိုအဖော်လုပ်ပေးပြီးစကားပြောပေးနေတာကို သူကိုယ်တိုင်ကကျိတ်ကျေနပ်မိ၍ နူတ်ဆိတ်ရင်းသာနေဖြစ်သည် ။

ပိုင်စေထင်သည် ... ။
ထိုခရီးစဉ်တစ်လျှောက် ... တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ချင်တာတွေ ... ပြောပြချင်တာတွေ ... မေးချင်ခဲ့တာ တွေမေးရင်း မနဲ့သူနဲ့ပိုပြီးရင်းနှီးလာတယ်ဟု ။

" မ ... ခနလောက်အိပ်လိုက်ပါလား ? မဟုတ်ရင် နေမကောင်းဖြစ်နေအုံးမယ် ... ကျွန်တော့်ကိုစိတ်မပူပါနဲ့ ... ညဘက်အိပ်ရေးပျက်တာလောက်က ကျွန်တော်အိမ်မှာ game ထိုင်ဆော့တဲ့ရက်ဆိုဖြစ်နေကြပဲဟာ ... စိတ်ချပါ ... ဒီခရီးမှာ ဘာမှမဖြစ်ဖို့ကျွန်တော်ဂရုစိုက်မှာပါ ဂတိပေးတယ် ... အိပ်လိုက်ပါနော် မ "

" ဖြစ်ရဲ့လား ? တို့မင်းကိုအားနာတယ် ... ခုလိုလိုက်ပို့ခိုင်းရတာဖြင့် တော်လှပြီ "

မရဲ့မျက်နှာဟာ အမှန်တကယ်ပင်ဟန်ဆောင်မှုကင်းစွာနဲ့ သူ့အတွက်ပူပန်နေပုံပေါက်ပါသည် ။ ထိုအချင်းအရာနဲ့ပင် တစ်ညလုံးမအိပ်ရဘူးဆိုရင်တောင်ပိုင်စေ့အတွက်ဘာမှဖြစ်မှာမဟုတ်ပါ ။ ပင်ပန်းနေတာတွေမှန်သမျှ မရဲ့မျက်နှာလေးကိုငေးကြည့်လိုက်ရုံတင် ယူပစ်သလိုပျောက်သွားတယ်ဆိုတာ မ သာသိပါလျှင် ... ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now