အပိုင်း ( ၉ )

1K 110 10
                                    

[ Zawgyi ]
----------------

သာမာန်အတိုင်းဝင်ထွက်သွားလာနေကြ ခြံဝင်းလေးထဲသို့ ဒီနေ့ဝင်ရမှာကို သွင်သစ်တွန့်ဆုတ်နေမိသည် ။ အော်ခေါ်နေကျနာမည်တစ်ခွန်းကိုခေါ်ဖို့ရာလည်းနူတ်ကစေးနေပြန်၏ ။ ဒီအိမ်လေးရဲ့ရှေ့၌ရပ်နေမိတာကို ယနေ့ကျမှ သွင်သစ်အဖို့စိတ်လှုပ်ရှားနေခဲ့ပါသည် ။

ထိုသို့ဖြစ်ရသည်က ကျွန်တော့်မှာအကြောင်းပြချက်ကြီးကြီးမားမားတစ်ခု ရှိနေ၍မဟုတ်လား ???

ဦးကကျွန်တော့်ကိုစိတ်ဆိုးနေတယ်လေ … ။

မနေ့ကလည်း ဦး စိတ်ဆိုးပြေလို့ပြေငြား ဦးကြိုက်တဲ့ဖာလူ ဒါဝယ်သွားပြီး အိမ်ကိုလူကိုယ်တိုင်သွားခဲ့ပေမဲ့ ဦးက ကျွန် တော့်ကိုထွက်မတွေ့ခဲ့ ။ အိပ်နေတယ်ဆိုသောအကြောင်းကြချက်တစ်ခုနဲ့အတူ အငယ်ကအားနာနေဟန်မျက်နှာဖြင့်ပြောလာချိန် ကျွန်တော့်ရင်ထဲတွင်ဖျင်းခနဲ ။ ခံရခက်ခက် နဲ့လှည့်ပြန်လာခဲ့ရပေမဲ့ သွင်သစ်လက်မလျှော့ခဲ့ပါ ။

ပယင်းကိုပါအဖော်ခေါ်ပြီးစာမေးချင်လို့ဟုဆိုကာ ညဘက် တစ်ခေါက်ထပ်သွားပြန်တော့လည်း ရလာဒ်ကနေ့ခင်းကအကြောင်းရာနဲ့ထပ်တူကျစွာအငြင်းခံရပြန်သည် ။ ပယင်းသည်လည်း ဦးရဲ့အပြုမူတွေကိုအံ့သြနေခဲ့သလို ဦးစောနဲ့ အန်တီနှင်းကပါ သားဖြစ်သူရဲ့ဖြစ်အင်ကြောင့်အထူးဆန်းကြီးထူးဆန်းနေမှန်းသိပုံပေါ်ကာ " သားတို့ဘာဖြစ်ထားကြတာလဲ ? " ဆိုသည့်မေးခွန်းကိုမေးပေမဲ့ ကျွန်တော်မဖြေနိုင်ခဲ့ပါ ။

မင်းတကယ်ပဲ ငါ့ကိုစိတ်ဆိုးသွားပြီပေါ့ ဦး ? ငါပြန်ချော့တာလေးကိုတောင် ဘာလို့အဖက်လုပ်ပြီးလက်မခံရတာလဲကွာ ? မင်းအဲ့လိုလုပ်တာက ငါ့ကိုစိတ်ပင်ပန်းစေတယ် ။

ူဟူးးးး

လေပူတစ်ချက်ကိုမူတ်ထုတ်ရင်း ခြံဝင်းလေးထဲသို့အားတင်းကာဝင်သွားလိုက်သည် ။ ယနေ့ ပယင်းကလည်းကျောင်းမတက်၍ ဦးနဲ့တူတူပဲကျောင်းသွားရလိမ့်မည် ။ ထိုအခါကျမှ ထပ်ချော့ကြည့်ပါအုံးမယ်လို့တွေးကာ ဦးရဲ့နာမည် ကို ခေါ်နေကြအတိုင်းလှမ်းအော်ခေါ်မိတော့ စိတ်လှုပ်ရှားနေပြန်၏ ။ ကျွန်တော့်အသံကိုကြားပြီး အိမ်ထဲကနေထွက် လာမည့် ဦးရဲ့မျက်နှာသွင်ပြင် ဘယ်လိုအနေအထားရှိနေမှာလဲဆိုတာ ပုံဖော်ရပြန်သည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]حيث تعيش القصص. اكتشف الآن