အပိုင်း ( ၃၉ )

918 82 22
                                    

[ Zawgyi ]
----------------

ပူပြင်းလှတဲ့နွေနေအပူကိုအံတုကာ တရွေ့ရွေ့မောင်းနှင်နေသောကားလေးဟာဖြင့် ရန်ကုန်-ထားဝယ်လမ်းမကြီးပေါ်တွင်ဖြစ်သည် ။ ကားလေးထဲမှာတော့ တမူထူးခြားပြီးပုံမှန်ထက်တိတ်ဆိတ်နေပါ၏ ။

ဒါကို ရန်နောင်သာမက တခြားသူများလည်းခံစားမိမယ်ထင်သည် ။ အထူးသဖြင့် ပိုင်စေ … ။

ထူးထူးဆန်းဆန်းဒီကောင် သူတို့နဲ့အသွားတုန်းကလို အ တူလာမထိုင်ပဲ ရှေ့ဆုံးမှ car driver နဲ့အတူသွားထိုင် သည် ။ နောက်ပြီးအလာတုန်းက သူ့ရဲ့မနဲ့တတွတ်တွတ် ပြောပြီးရယ်မောလာခဲ့သမျှ ယခု ထားဝယ်ကနေပြန်အလာမှာတော့ သိသိသာသာကိုငြိမ်သက်နေလေတယ် ။ ရန် ကုန်ကိုပြန်မဲ့ဒီနေ့မနက်ကတည်းက ယခုကားပေါ်ရောက် တဲ့အထိငြိမ်နေတာ သူမသိတဲ့တစ်စုံတစ်ခုရှိနေမယ်မှန်း ရန်နောင်သတိထားမိသော်လည်း ထုတ်မေးဖို့က ကာယ ကံရှင်ကိုယ်တိုင်ရှောင်ဖယ်နေ၍ အေးဆေးဖြစ်မဲ့အချိန်တစ်ခုကိုစောင့်ရုံသာရှိတော့သည် ။ ဘာကြောင့်ရယ်မှန်း ရန် နောင်မစဉ်းစားတတ်ပေမဲ့ မငြိမ်းသည်လည်း ငြိမ်သက်ကာလိုက်ပါလာ၍ ဘေးချင်ကပ်ထိုင်နေသော ပယင်းနဲ့ပင်စ ကားသိပ်မပြောချေ ။

ကိုနေစေမြဲကတော့ သူ့အလုပ်သမားတွေနဲ့အတူရန်ကုန် ကို သက်သက်ပြန်တာမို့ သူတို့နှင့်မတူပါမလာခဲ့ ။ ပယင်းသည်လည်း သူ့အတွေးနဲ့အတူတိတ်ဆိတ်နေပြန်၏ ။

နောက်ပြီးသူ့အဖြစ်ကလည်းဘာထူးလဲ ?? ဘာကိုရှက် ကိုးရှက်ကန်းဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ဘေးနားမှ တစ်ယောက်သောသူဟာလည်း ကားပေါ်မှာမို့လားမပြောတတ် … သူ့ကိုဟုတ်တိပတ်တိစကားကောင်းကောင်းပြန်မပြောပါ ။ ပါလာတဲ့မုန့်တွေကိုစားရင်စား မစားရင်သီချင်းနားထောင်ကာငြိမ်နေတော့သည် ။

ကျစ် … သူတို့တွေဘာဖြစ်နေကြတာလဲကွာ ???

ခရီးထွက်လာတာက အလာတုန်းကလောက်ပျော်ဖို့မကောင်းတော့မှန်း ရန်နောင့်စိတ်ထဲအလိုလိုခံစားမိနေသည် ။ ဘာဖြစ်နေကြမှန်းမသိ၍ သူလည်းဘယ်သူနဲ့မှအရောတဝင်စကားပြောမနေတော့ ။ ပြောလည်း အင်းအဲနဲ့သာပြန်ခွန်းတုန့်ပြန်တာမို့ လက်လျှော့လိုက်ရသည် ။ ဒါကြောင့် မျက်ခုံးတွေကိုအသာတွန့်ကွေးလိုက်ရင်း အကြည့်တွေက ဘေးနားမှကောင်လေးဆီသို့ ရောက်သွားပြီးခပ်မဲ့မဲ့ပြုံးလိုက်ပြီးနောက် ပေါင်ပေါ်တင်ထားတဲ့ဖြူဥဥလက်လေးကို အုပ်မိုးကာ လှမ်းဆုပ်ကိုင်လိုက်သည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now