အပိုင်း ( ၆ )

1.2K 117 11
                                    

[ Zawgyi ]
---------------

ကျောင်းရှေ့တွင်ရှိနေသောအစိမ်းရင့်ရောင်မြက်ခင်းပြင်၌ အဖြူအစိမ်းတို့သည်လည်းကွန့်မြူးနေ၏ ။ တခြားတော့မဟုတ် ... ၁ လမှာတစ်ခါ ကျောင်းသန့်ရှင်းရေးအနေဖြင့် အခန်းတစ်ခန်းစီအလိုက် အမိုက်ကောက်ရခြင်းပင် ။ ယနေ့ အမှိုက်ကောက်ရန်အလှည့်ကျသောအတန်းဟာ ၁၀ တန်း bio ( A ) ခန်းဖြစ်၍ ရန်နောင်တို့တစ်ခန်းလုံး ကိုယ်စီအုပ်စုအသီးသီးဖြင့် ကျောင်းရှေ့တွင်အမှိုက်ကောက်ကြရတော့သည် ။

" ဒီအမှိုက်ပုံးကို အမှိုက်ပစ်တဲ့နေရာမှာသွားလွှင့်ပစ်ပြီးရင် ပြီးပြီမလားရန်နောင် ? "

ပိုင်စေ့ရဲ့အမေးကြောင့် အမှိုက်ခြင်းကိုတစ်ချက်လှမ်းကြည့်ပြီးခေါင်းညိတ်ပြလိုက်တော့ အသစ်ကစိတ်အေးလက်အေးဖြစ်သွားသောပုံစံဖြင့်သက်ပြင်းချသည် ။ အသစ်ကိုကြည့်ရတာ ပင်ပန်းနေပုံရပါသည် ။ မိန်းကလေးတွေထက် ယောကျာ်းလေးများကပိုပြီးအားစိုက်ထုတ်ရတာကြောင့် ယ နေ့အဖို့ရန်နောင်တို့ယောကျာ်းလေးအုပ်စုမှာ မသက်သာပါ ။ အမှိုက်ပစ်လည်းသူတို့ ၊ မြက်ပင်တွေနူတ်ရတော့လည်းသူတို့ ၊ သစ်ပင်တွေကိုရေလောင်းရန်အတွက် ရေကန် ကနေရေခပ်ပေးရတာလည်းသူတို့ပင် ။

ထို့ကြောင့်အသစ်ခမျာ နားချင်နေပုံပေါ်တာမဆန်းလှ ။ အသစ်နည်းတူ ယောကျာ်းလေးအများစုမှာလည်းနားချင်နေကြလေသည် ။ ဒါကြောင့် လက်ကျန်အမှိုက်ခြင်းအားပိုင်စေ့ကိုသာအကူအဖြစ်ခေါ်ပြီး အမှိုက်ကန်မှာသွားလွှင့်ပစ်လိုက်၏ ။

" မင်းတို့တွေအရင် အတန်းထဲသွားနှင့်ပြီလို့ငါကထင်နေတာ ? "

လက်ဆေးရန်အတွက် ရန်နောင်နဲ့ပိုင်စေ ရေကန်အနားသို့လျှောက်လာစဉ် အသစ်နှင့်ပယင်းကိုတွေ့၍ ပိုင်စေကလှမ်းမေးလိုက်ခြင်းပင် ။

" အေး ငါတို့က နင်တို့ကိုစောင့်နေတာလေ ... နောက်ဆုံးချိန်ရောက်နေပြီပဲဟာ ခနနေရင်ကျောင်းပဲဆင်းတော့မယ် ... အဲ့တော့အတန်းထဲကိုအရင်ဝင်နှင့်တာထက် နင်တို့ကိုပဲစောင့်ခေါ်ပြီး တူတူဝင်တာပိုကောင်းမယ်ထင်လို့ ... နောက်ပြီးရင်တူတူပြန်ကြမှာပဲလေ မဟုတ်ဘူးလား ? "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now