[ Zawgyi ]
----------------" သားရေ … ပယင်းရောက်နေတယ် … အောက်ကိုဆင်းခဲ့ပါအုံး "
အန်တီနှင်းက သူမကိုပြုံးပြရင်းမှလှမ်းအော်သည် ။ မကြာပါ သူမတို့ထိုင်နေရာ ဧည့်ခန်းဆီသို့ရောက်လာသော ရန်နောင် ။ အိမ်နေရင်းပုံစံနဲ့တောင်မှ သူမရဲ့မျက်စိထဲတော့ကြည့်ကောင်းနေပြန်ပါသည် ။
" ပြင်ဆင်ထားလို့ပါလား ? ဘယ်သွားမလို့လဲ ပယင်း "
" အင်း အဲ့ကိစ္စပြောမလို့နင့်ဆီလာတာ … နင် သက်ထားဦးကိုသိတယ်မလား ? ငါတို့နဲ့ ၁၀ တန်းတုန်းကအခန်းတူတူပဲလေ … နောက်ပြီး သူကအခုငါတက်နေတဲ့ဆေးကျောင်းမှာပဲလေ နင်နဲ့တောင်ဆုံဖြစ်ပါသေးတယ် "
" သိတယ်လေ ဘာဖြစ်လို့လဲ ? "
" အဲ့ဒါ ဒီနေ့သူ့မွေးနေ့လေ … သူငါ့ကိုမွေးနေ့လာဖို့ဖိတ်ထားလို့ … ဟို ဟိုလေ "
" အင်း အဲ့တော့ "
" သူက နင့်ကိုပါဖိတ်ပေးပါတဲ့ … အဲ့ဒါ ငါနင့်ကို မွေးနေ့ပွဲသွားဖို့လာခေါ်တာ … ခနပါပဲ … အရမ်းမကြာဘူး "
" သူက ဘာလို့ငါတို့ ၂ ယောက်ထဲကိုပဲဖိတ်တာလဲ ? ကျောင်းတုန်းကဆို ငါတို့တစ်ဖွဲ့လုံးကို သူသိတာပဲ … ပိုင်စေနဲ့အသစ်ကိုကော လာဖို့မပြောဘူးလား ? "
" အဲ့ဒါကလေ … ငါသူတို့ကိုမေးကြည့်ပြီးပြီ … ၂ ယောက်လုံးက ကျူရှင်ရှိလို့မအားဘူးတဲ့ … အဲ့ဒါကြောင့်နင့်ကိုလာခေါ်တာ … မွေးနေ့လက်ဆောင်အတွက်လည်းမပူနဲ့ ငါဝယ်ထားပြီးပြီ … နင်လိုက်ပေးရုံပဲ နော် ရန်နောင် …လိုက်မယ်မလား ? ငါတစ်ယောက်ထဲမသွားချင်လို့ပါဟာ "
" လိုက်သွားပေးလိုက်ပါ သားရယ် … မဟုတ်ရင် ပယင်းတစ်ယောက်ထဲဖြစ်နေမှာပေါ့ … အချိန်ကလည်းအများကြီးကြာမှာမှမဟုတ်တာ ခနလေးပဲမလား … ကဲ သွား … မြန်မြန်ပြင်ဆင်ပြီး ဆင်းလာခဲ့ချည် "
အန်တီနှင်းဝင်ပြောပေးတော့မှ ရန်နောင်ကကြည်ကြည်ဖြူဖြူနဲ့ခေါင်းညိတ်ကာဖြင့် အပေါ်ထပ်သို့တက်သွား၏ ။
ယခုကျမှပဲ သူမ သက်ပြင်းဖွဖွချနိုင်တော့တယ် ။ မဟုတ်ရင် သက်ထားကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမ မစဉ်းစားတတ်တော့ ။ ရန်နောင်နဲ့သူမကို တစ်မျိုးမြင်နေတဲ့သက် ထားဟာ မွေးနေ့ပွဲသို့ ရန်နောင့်ကိုပိုင်တယ်ဆို အပါခေါ်ခဲ့ပါဟုဆိုလာ၍ မခံချင်စိတ်လေးထိုးထွက်လာသောသူမတစ်ယောက် ယခုလိုရန်နောင့်ကိုအပါလာခေါ်ရခြင်းသာ ။
ESTÁS LEYENDO
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Novela JuvenilTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...