အပိုင်း ( ၄၉ )

946 99 19
                                    

[ Zawgyi ]
----------------

ဦးနဲ့မတွေ့ရတဲ့ရက်တွေမှာ ကျွန်တော်ဘယ်အပြင်ကိုမှလည်းမထွက်ချင် ဘယ်သူနဲ့မှလည်းမတွေ့ချင်တဲ့အထိ တစ်ယောက်ထဲငိုင်နေမိသည် ။

အပြောနဲ့အလုပ်ညီတဲ့ဦးက နောက်နေ့ပဲ သူ့အဘွားအိမ် မှာသွားနေတာ ဒီနေ့ဆို ၅ ရက်တောင်ရှိပြီ ။ သွင်သစ်ဖုန်းဆက်ရင်လည်းမကိုင်သလို massage ပို့တော့လည်းဖတ်ရုံသာဖတ်ပြီး reply မလုပ်ပါ ။ ကျွန်တော်ဘယ်လိုခံစားရမလဲဆိုတာသိသိချည်းနဲ့ တမင်အပြစ်ပေးနေသလိုပါပဲ ။ လျစ်လျူရူထားနိုင်သူကရူနိုင်ပေမဲ့ သွင်သစ်အတွက် ကတော့ ခံရခက်လွန်းလှသည် ။

ထိုလူသားရဲ့အသံချိုရှရှတွေ ၊ ဂရုတစိုက်နဲ့အမြဲတစေစောင့်ကြည့်နေတတ်တဲ့မျက်ဝန်းတွေ ၊ လိုအပ်တာထက်ပိုတဲ့ဂရုပြုမှုတွေ အလိုလိုက်ခြင်းတွေကြားမှာ သွင်သစ် နေသားကြနေခဲ့ပြီဖြစ်သည် ။ ဒါကြောင့် ယခုလိုရုတ်တရက်ကြီး အဆက်သွယ်ဖြတ်ထားတဲ့အထိစိတ်ဆိုးနေသူကြောင့် သွင်သစ်ခမျာနေမထိထိုင်မသာနှင့် ဦးရဲ့အဘွားအိမ်ကိုလိုက်သွားချင်တာမှဖင်တကြွကြွ ။ သို့သော် ဦးထပ်ပြီးကျွန်တော့်ကိုစိတ်ဆိုးမှာစိုး၍သာ ငြိမ်နေလိုက်ရသည် ။

တစ်ခါတစ်ရံထိုလူသားရဲ့ပြစ်ပယ်ထားမှုတွေကြောင့် စိတ် ဆိုးရသလို ၊ တစ်ခါတစ်ရံ မျက်ရည်ကျိတ်ကျရပြန်သည် ။ ပိုင်စေနဲ့ပယင်းခမျာလည်း ကျွန်တော်တို့ ၂ ယောက်ကြားမှာ ရင်ကြားစေ့ပြန်ဖြစ်စေရေးအတွက်ကြိုးပမ်းပေးရှာ၏ ။ သို့ပေမဲ့ ဒီတစ်ခါကထင်သလောက်မလွယ်ပါ ။ ဦးက ကျွန်တော့်ကိုအရမ်းစိတ်ဆိုးနေတာ ။ သူငယ်ချင်းတွေဘယ်လောက်ဝိုင်းပြောပြော သူစိတ်ပြေမှကျွန်တော်နဲ့ပြန်တွေ့မယ်ဆိုတဲ့အကြောင်းပြချက်ကိုသာပေးသည် ။

ဒါဟာ ကျွန်တော့်ကိုဘယ်လောက်ထိဝမ်းနည်းစေလဲ သူမသိတာကျလို့ ။ တစ်ခါတစ်လေ ဦးရဲ့ရှေ့ကိုသွားပြီး အင်္ကျီကော်လံစကိုဆွဲကိုင်ကာ မေးပစ်လိုက်ချင်သည် ။ အော်ဟစ်ပစ်လိုက်ချင်သည် ။ ကျွန်တော်တစ်ယောက်ထဲအရူးလိုခံစားနေရတာကိုပြောပြပြီး စိတ်ထဲရှိသမျှရင်ဖွင့်ပစ်လိုက်ချင်သည် … ။ ပြီးတော့ … ပြီးတော့ကျွန်တော်သူ့ကိုဖက်ထားချင်သည် ။ ကျွန်တော်သူ့ကို ဘယ်လောက်ထိလွမ်းနေကြောင်းလည်း ပြောပြချင်သေးသည် ။ ဒါတွေဟာ တစ်ယောက်သောသူမသိနိုင်တဲ့ ကျွန်တော့်ရဲ့တစ်ဖက်ခြမ်းက က မ္ဘာပျက်မှုတွေပဲပေါ့ ။ ကျွန်တော်နဲ့ထိုက်တန်လို့ရတာလို့ပဲသတ်မှတ်လိုက်တဲ့အခါ မျက်ရည်ကမခိုင်ချင် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Tempat cerita menjadi hidup. Temukan sekarang