အပိုင်း ( ၁၀ )

1.1K 108 22
                                    

[ Zawgyi ]
----------------

မနက်ခင်းရဲ့အာရုံတက်ချိန်မှာပင် စာကျက်သံတိုးတိုးဟာ ဆယ်တန်းကျောင်းသူကျောင်းသားတွေရှိတဲ့အိမ်တိုင်းလိုလိုတွင် ခပ်တိုးတိုးထွက်ပေါ်နေကြလျှက် ။ ယနေ့ဟာ ဆယ်တန်းစာမေးပွဲကြီးစတင်ဖြေဆိုရတဲ့နေ့ ။

ရန်ကုန်မြို့ရဲ့ဆောင်းလေအေးဟာ ခပ်စိမ့်စိမ့်တိုက်ခတ်နေကာ အဖြူအစိမ်းလေးတွေဝန်းရံနေတဲ့ကျောင်းတော်ကြီးကို လွှမ်းမိုးထား၏ ။ လမ်းမထက်တွင်လည်း ကျောင်းသားများဟိုတစ်စုသည်တစ်စုဖြင့်စာစုကျက်နေကြကာ ထိုကျောင်းသူကျောင်းသားများရဲ့ကိုယ်စီမိဘတွေဟာလည်းအစုအဝေးနှင့် ။ စိတ်လှုပ်ရှားနေသောကျောင်းသားများသာမ က မိဘများသည်လည်းကိုယ့်ရင်သွေးများနှင့်ထပ်တူစိုးရိမ် ပူပန်မှုများဟာ အသီးသီးမျက်နှာထက်တွင် ထင်ထင်ရှားရှားပင်ပေါ်လွင်နေတော့သည် ။

" အဖြေစာရွက်မှာဂရုတစိုက်နဲ့ဖြေခဲ့နာ် သားကြီး … အမေပြောတာကြားလား ? "

" ဟုတ်ကဲ့ပါအမေရဲ့ … အသစ်တို့ပယင်းတို့လည်းရှိနေတာပဲဗျာ ကျောင်းထိလိုက်ပို့ပြီးစောင့်နေပေးစရာမလိုပါဘူးဆိုနေ … အမေလည်းပင်ပန်းတယ် … နောက်ပြီး စာမေးပွဲဖြေနေတဲ့တစ်ချိန်လုံး ကျွန်တော့်ကိုစောင့်နေရမှာဆိုတော့ မပျင်းဘူးလား ? "

ရန်နောင့်ရဲ့စကားကြောင့် အမေက စာကျက်နေသောပယင်းနဲ့အသစ်ကိုလှမ်းကြည့်ပြီး ခပ်ဖွဖွပြုံးသည် ။ အသစ်ရဲ့အ မေ အန်တီသဒ္ဒါကအလုပ်ရှိ၍ကျောင်းကိုကိုယ်တိုင်လိုက်မပို့နိုင်သော်ငြား အသစ်ရဲ့ကြီးကြီးကတော့လိုက်ပို့ပေးရှာသည် ။ ပယင်းရဲ့အမေလည်း ရန်နောင့်အမေကဲ့သို့ကျောင်းထိလိုက်ပို့ကာ ၃ ယောက်လုံး သူတို့စာမေးပွဲဖြေပြီးချိန်ထိ ကျောင်းရှေ့မှာပဲထိုင်စောင့်နေကြမယ်လို့ဆိုပြန်တယ် ။

ရန်နောင်တို့မှမဟုတ်ပါ … ကျောင်းသူကျောင်းသားတော် တော်များများရဲ့မိဘများဟာလည်း ထိုကဲ့သို့ပြုမူကြ၏ ။ မိမိရင်သွေးရဲ့ဘဝတစ်ဆစ်ချိုးကိုဆုံးဖြတ်ပေးမည့် အရေးကြီးသောဆယ်တန်းစာမေးပွဲကြီးကို သူတို့ကိုယ်တိုင်ပါ ဝင် ရောက်ဖြေဆိုနေကြသကဲ့သို့ အသီးသီးစိတ်လှုပ်ရှားနေကြတာတွေဟာ ချစ်ခြင်းမေတ္တာတရားကိုမဖော်ပြပဲ ပေါ်လွှင်နေတော့သည် ။ တစ်ချို့ဆိုဘုရားစာအုပ်လေးကိုင်ကာ စာကျက်နေသောမိမိရဲ့ရင်သွေးကိုငေးကြည့်လျှက် ဆုမွန် ကောင်းတောင်းပေးနေသလို ပတီးစိပ်နေကြသောမိဘတစ်ချို့ဟာလည်းကျောင်းရှေ့တွင်အစုလိုက်အပြုံလိုက် မြင်တွေ့နေရပြန်သည် ။ တစ်ချို့ကတော့ မိမိတို့ရဲ့ရင်သွေးငယ် များကိုအမှားမပြုဖို့မှာတမ်းချွေနေကြကာ တစ်ချို့ကျတော့ ငြိမ်ငြိမ်သက်သက်နှင့်ပင် ထိုင်စောင့်ပေးနေကြပါသည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Où les histoires vivent. Découvrez maintenant