အပိုင်း ( ၆၂ )

765 66 31
                                    

[ Zawgyi ]
----------------

ဒုန်း ! ဒုန်း ! ဒုန်း

တံခါးကိုအကြမ်းပတမ်းခေါက်နေတာမို့ လက်ရာလည်းပဲ laptop ကိုဘေးချရင်း အလျင်အမြန်တံခါးသွားဖွင့်ပေးရသည် ။ ဒီနေ့ကအလုပ်နားရက်မို့အေးဆေးလေးနားချင်ပါတယ်ဆို ဘယ်လိုဧည့်သည်က ခုလိုဝုန်းဒိုင်းကျဲပြီးရောက် လာရသလဲဟု မြည်တွန်တောက်တီးကာတံခါးဖွင့်ရင်း အပြင်သို့ကြည့်လိုက်စဉ် …

" ဟင် လေပြေ ! လေပြေ ဘာဖြစ်လာတာလဲ ? လာလေ အထဲဝင်ခဲ့ "

" ကိုစိုင်း … ကိုစိုင်း ဟင့် "

တံခါးပြန်ပိတ်ပြီးအနောက်သို့လှည့်ချိန် သူ့ရဲ့လက်ကိုလှမ်းကိုင်ကာ ငိုနေသောလေပြေ့ကိုတွေ့လိုက်ရသည် ။ စိုးရိမ်စိတ်နဲ့အတူ လက်ရာတစ်ယောက်ပြာပြာသလဲလဲဖြစ်သွားခဲ့၏ ။

" ဘာဖြစ်လာတာလဲ လေပြေ ? အကို့ကိုပြောပါအုံး … ဘာလို့ငိုနေတာလဲ "

" ကိုစိုင်း "

" အင်း ပြောလေ "

" လရောင်ကိုပြန်ခေါ်ပေးပါလား ကိုစိုင်း … သူ သူ … သူ လေပြေ့ကိုထားသွားပြီ အီးဟီးးး "

" ဘာရယ် ??? လရောင်ကလေ … သေချာပြောပါလား … အကိုတောင်စိုးရိမ်လာပြီ … လရောင်ကထားသွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ? "

ကလေးလေးလိုဝမ်းနည်းပက်လတ်ငိုနေတာမို့ လေပြေ့ကိုကြည့်ပြီး သူပါခြေမကိုက်မိလက်မကိုင်မိဖြစ်ရသည် ။ နောက်ပြီး လရောင်ကိစ္စဆိုတာပါသိလိုက်ရတော့ စိုးရိမ်စိတ်ကငယ်ထိပ်တက်ဆောင့်လေသည် ။

" လရောင်နဲ့မတွေ့ရတာကြာနေလို့ သူ့အိမ်လိုက်သွားတာ … တီမိုးကပြောတယ် အဟင့် "

" အင်း ဘာပြောလိုက်တာလဲ "

" ကျောင်းပိတ်ထားတုန်းမို့ singapore မှာရှိတဲ့သူ့ဦးလေးဆီကိုအလည်သွားချင်တယ်ပြောလို့ လွှတ်လိုက်တယ်တဲ့ … လရောင်ရဲ့ညီ ရှိန်းကိုသိတယ်မလား … ဆုံးသွားတဲ့ရှိန်းအဖေရဲ့ညီက အဲ့မှာ … သူက လရောင်ကိုလည်းသူ့တူလေးလိုပဲချစ်တယ်လေ … ၁ နှစ် ၁ ခါလောက်တော့ သူတို့မိသားစုက ဒီကိုလာလည်တတ်တယ် "

" အဲ့တော့ "

" အဲ့ဦးလေးဆီသွားလည်ရင်း ဟိုမှာကျောင်းတက်ချင်တယ်ပြောလာတယ်တဲ့ "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Nơi câu chuyện tồn tại. Hãy khám phá bây giờ