အပိုင်း ( ၁၈ )

942 87 14
                                    

[ Zawgyi ]
----------------

လရောင်ဆီကိုဖုန်းဆက်နေသောသူမရဲ့ပုံစံဟာတက်ကြွေ
နခဲ့သလို အသံဟာလည်းရွှင်လန်းနေလျှက် ။ လရောင်က တော့ သူမရဲ့စကားကြောင့် ၃ စက္ကန့်လောက်အသံမထွက် တော့ချေ ။

စောရန်နောင်ဦးနှင့်အသွင်သစ်ဟာ သူမအတွက်ဘယ်လိုလူမျိုးတွေလည်းဆိုတာ ငယ်သူငယ်ချင်းလည်းဖြစ် အတွင်းသိအစင်းသိသောလရောင်ကသာ အသိဆုံးပေ ။ ဒါကြောင့်လည်း သူမအတွက်အံ့သြသွားတာဟာ မဆန်း ။

" နင် တ တကယ်ကြီးပြောနေတာလား ? "

" အဟုတ်ပါဆိုဟာ … ငါကဘာကိစ္စနဲ့နင့်ကို လိမ်ရမှာလဲ ? နင်စဉ်းစားကြည့်စမ်း … ငါဘယ်လောက်ထိအံ့သြနေမလဲဆိုတာ … ငါပြောတာကိုကြားရတဲ့နင်တောင် ခုလောက်ထိဖြစ်သွားတာ ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရပြီး ငါကိုယ်တိုင်သူတို့နဲ့စကားပြောခဲ့တာက … ဟား  ဘယ်လိုပြောရမလဲ ? အိမ်မက်အတိုင်းပဲ လရောင်ရယ် … ဟီး "

" နေပါအုံး … နင်တို့ကဘယ်လိုဖြစ်ပြီး မိုးကုတ်မှာသွားဆုံကြတာလဲ ? သူတို့ကလည်းဘယ်လိုလုပ်ပြီး အဲ့ကိုရောက်နေတာလဲ ? ဒါကတော်တော်လေးကိုတိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြီ လေပြေ "

လရောင်ရဲ့စကားကို မမြင်ရပေမဲ့လည်းအားရပါးရနဲ့ပင် သူမခေါင်းညိတ်ထောက်ခံလိုက်သည် ။ တဆက်ထဲဆိုသ လို တိုက်ဆိုင်လွန်းတဲ့ကံကြမ္မာကိုလည်းကျိတ်ပြီးကျေးဇူးတင်လိုက်ရင်း လရောင်ရဲ့အမေးကိုပြန်ဖြေလိုက်၏ ။

" ငါ့ကိုအရင် ရန်နောင်ကတွေ့ပြီးလာနူတ်ဆက်တာဟ … သူနဲ့တွဲနေကျ ရှင်းသန့်ပိုင်စေလည်းပါတယ် … နင်သူ့ကိုသိတယ်မလား … ရန်နောင့်သူငယ်ချင်းပဲလေ "

" အေး သိတယ် "

" နောက်ထပ်တိုက်ဆိုင်တာပြောရအုံးမယ် … ငါအခုတည်းနေတဲ့ hotel က ရှင်းသန့်ပိုင်စေရဲ့အဖေပိုင်တာတဲ့ "

" ဟင် ဟုတ်လား ??? "

" အင်း … ရှင်းသန့်ပိုင်စေကမိုးကုတ်သားလေ … မိုးကုတ်ကနေကျောင်းပြောင်းပြီး ရန်ကုန်မှာလာတက်တာ … အဲ့ဒါ စာမေးပွဲပြီးတော့ ရန်နောင်တို့ကိုပါမိုးကုတ်အလည် လိုက်ဖို့ခေါ်ခဲ့တာတဲ့ "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now