အပိုင်း ( ၄၁ )

944 81 42
                                    

[ Zawgyi ]
----------------

" ငြိမ်း … အောက်မှာ ထမင်းလည်းလာဆင်းမစားဘူး … နေမကောင်းဘူးလား ? ဒေါ်ကြီး တစ်ခုခုစီစဉ်ပေးရမလား ? ဆန်ပြုတ်ပဲဖြစ်ဖြစ် နွားနို့ပဲဖြစ်ဖြစ် "

သူမ ဝရန်တာမှာထိုင်နေတုန်း အနားသို့ဒေါ်ကြီးကရောက် လာကာ မေးနေခြင်းပင် ။ သူမ ထားဝယ်ကိုပြန်ရောက်တာ ၁ ပတ်ရှိနေပြီ ။ လွမ်းလို့ပြန်လာတာဆိုတဲ့အကြောင်းပြချက်ကို ဘိုးတို့ကမယုံချင်သော်လည်း အလုပ်ကနေခွင့်ယူပြီးလာတာဖြစ်၍ ဘာမှတော့မပြော ။

သို့ပေမဲ့ သူမရဲ့အခြေနေကိုတော့အကဲခတ်နေကြမှန်း သူ မလည်းသိပါသည် ။ ယခုလည်း ထမင်းစားချင်စိတ်မရှိ၍ ဆင်းမစားဖြစ်တာကို ဒေါ်ကြီးကစိုးရိမ်စွာနဲ့သူမကို ဂရုစိုက် ပူပန်နေ၏ ။ ထိုအရာတွေကပဲ သူမကိုနွေးထွေးစေတာ လုံ ခြုံစေတာ ။ ဒါကြောင့်မို့လည်း သူမအတွက် အားအင်တစ် ခုခုလိုတိုင်း ၊ အဆင်မပြေတာခံစားရတိုင်း ၊ သူမ ဝမ်းနည်းနာကျင်တိုင်း သတိရတတ်တာက သူမရဲ့နွေးထွေးရာရိပ်မြုံလေးဆီကိုပါပဲ ။

လူတွေက ဘဝမှာနာကျင်စရာ ဝမ်းနည်းစရာ ပျော်ရွှင်စရာ တွေနဲ့ကြုံရတိုင်း ကိုယ့်ဘဝရဲ့အရေးပါအရာရောက်တဲ့သူ တွေကို အရင်ဆုံးသတိရတတ်တယ်တဲ့ ။ အဲ့လူတွေက ကိုယ့်ရဲ့အနားမှာမရှိပဲ အနေဝေးနေပါစေအုံးတော့ … ကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့တန်ဖိုးထားရသူတွေ အား ကိုးရသူတွေ ချစ်မြတ်နိုးရသူတွေမို့ နှလုံးသားဟာသူ့အလို လိုခံစားချက်က ဖြစ်ပေါ်လာတာထင်ပါရဲ့ ။

အတွေးတွေက ဟိုဟိုသည်သည်ရောက်နေရင်းမှ သူမရဲ့ငယ်ဘဝအကြောင်းဆီသို့ တဖန်ပြန်ပြီးကျင်လည်မိသည် ။
၁၀ တန်းပြီးသွားတော့ သူမရဲ့နေထိုင်မှုပုံစံပြောင်းလဲလိုက် ခြင်းအပေါ် ဘိုးကလုံးဝသဘောမကျ ။ စစ်ဗိုလ်ဟောင်းတစ်ယောက်ဖြစ်၍လည်း ယောကျာ်းလေးဆိုရင်ကျားကျားယားယားရှိစေချင်တာ ဘိုးရဲ့ဆန္န ။ သူမရဲ့ပုံစံအမှန်ကိုသိပြီးနောက် ဘိုးကတိုးတိုးတဖုံ ကျယ်ကျယ်တဖုံ သူမကိုဆူဆုံးမကာ ဖိအားပေးတတ်သည် ။ လက်မခံမှန်းလည်းသိကော သူမနဲ့ဘိုးရဲ့ကြားက ဆက်ဆံရေးဟာအေးစက်သွားတဲ့အထိ ဘိုးဘက်ကပြတ်သားလွန်းခဲ့ပါသည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Où les histoires vivent. Découvrez maintenant