အပိုင်း ( ၅ )

1.3K 115 12
                                    

[ Zawgyi ]
----------------

မိုးအကုန်ဆောင်းအကူးသို့ရောက်ချိန် ကျောင်းတော်ကြီးကိုတက်ရောက်ရသောရက်တွေဟာ နှစ်ဝက်ပင်ကုန်လွန်ခဲ့ လေပြီ ။

ကျောင်းပြီးရင်ကျူရှင် … ကျူရှင်ပြီးရင်ကျောင်းကိုသာအမြဲမပြတ်သွားနေရတာမို့ တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားများအတွက် အလွန်ခက်ခဲသောနှစ်တစ်နှစ်ပင် ။ သို့ပေမဲ့ဆယ်ကျော်သက်အရွယ်အဖြူစိမ်းဝတ်ကျောင်းသားဘဝကိုတော့ ပျော်ရွှင်စွာနဲ့ကုန်ဆုံးနေကြပါ၏ ။

" ငါခုန်တက်ရမှာလား ရန်နောင် ? "

ရန်နောင့်ရဲ့စက်ဘီးနောက်သို့တက်ထိုင်ရန်အတွက် သူမစိတ်လှုပ်ရှားစွာဖြင့်လှမ်းမေးလိုက်သည် ။ ဘယ်တော့မဆို ကျောင်းသွားလျှင် သူမတစ်ယောက်တည်းကသာ သက် သက်စက်ဘီးတစ်စီးဖြင့်နင်းနေကြဆိုပေမဲ့ ယနေ့ကတော့ခါတိုင်းရက်တွေလိုမဟုတ် ။ သွင်သစ်ကနေမကောင်း၍ ကျောင်းမတက်ဖြစ်တာကြောင့် သူမနဲ့ရန်နောင်သာကျောင်းသွားရပေမည် ။

ဒါကိုရန်နောင်က စက်ဘီး ၂ စီးဖြင့်မသွားပဲ သူ့နောက်တွင်သာထိုင်လိုက်ရန်ပြောလာ၍ ရင်ဖိုစွာနှင့်ပင်သူမခေါင်းညိတ်မိသည် ။ ရန်နောင်နင်းသောစက်ဘီးနောက်မှာထိုင်စီးခဲ့ဖူးသည်ဆိုလို့ သူမအတွက်လက်ချိုးပင်ရေလို့ရသည် ။ အမြဲလိုလိုသွင်သစ်ကပဲလိုက်စီးနေကြမို့ ယနေ့ဟာသူမအတွက်ကံကောင်းတာလား ကံဆိုးတာလားမပြောတတ်ပါ ။ သေချာတာတစ်ခုကတော့ သူမစိတ်ထဲကြည်နူးသလိုလို တော့ရှိသည် ။

ဒီအချိန်လေးကိုလည်းသူမသဘောတကျဖြစ်နေခဲ့သည် ။ နေ့တိုင်း ရန်နောင့်ရဲ့စက်ဘီးနောက်ကိုလိုက်စီးချင်မိပြန် သည် … ထို့ကြောင့် အမြဲတမ်းလိုက်စီးရသောသွင်သစ်ကိုပင်မကျေနပ်တဲ့စိတ်လေးဟာ ထွက်ပြူစပြုလာ၍ အမြန်ဖျောက်ပစ်လိုက်ရတော့သည် ။ ယခုလိုတွေမဖြစ်သင့်ဘူးဆိုတာသိပေမဲ့ သူမရဲ့ပြောင်းလဲလာသောစိတ်ကို သူမကိုယ် တိုင်လည်း တားမရခဲ့ပါ ။

" ဒီတိုင်းပဲထိုင်လိုက် ပယင်း … ငါနင့်ကိုတော့သေချာတင် နင်းနိုင်ပါတယ် … အသစ်ရဲ့ကိုယ်လုံးကိုတောင်တင်နင်းနေကြပဲဟာ … ထိုင်တော့လေ … သွားရအောင် "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Opowieści tętniące życiem. Odkryj je teraz