အပိုင်း ( ၂၈ )

884 73 6
                                    

[ Zawgyi ]
----------------

အတန်းချိန်ပြီးသွား၍ ကျောင်းသားအားလုံးရဲ့စကားသံများဖြင့် အခန်းထဲ၌ပြည့်နှက်နေလျှက်ရှိသည် ။ စာရွက်စာတမ်းတွေကို ဖိုင်အိတ်ထဲသို့ထည့်လိုက်ပြီး သူငယ်ချင်းမများနဲ့အတူ အခန်းထဲကနေ ပယင်းတို့အုပ်စုထွက်လာခဲ့ကြသည် ။ ကျောင်းပြင်သို့ထွက်သော လျှောက်လမ်းမှာလမ်းလျှောက်နေတုန်း ဖုန်းကိုတစ်ချက်ကြည့်ရင်း နဒီကပြုံးတုံတုံမျက်နှာဘေးဖြင့် သူမတို့ဘက်သို့လှည့်ပြောသည် ။

" ငါဒီနေ့တူတူမပြန်တော့ဘူးနော် ... ဟီး "

" ဘာလဲ ... ဟိုတစ်ယောက်လာကြိုမယ်တဲ့လား ? "

ရွှန်းလဲ့က သိနေသောပုံစံဖြင့်ပြောတော့ နဒီကခပ်ပြုံးပြုံးပင်ခေါင်းညိတ်ပြလေတယ် ။ သူမတို့သူငယ်ချင်းအုပ်စုထဲ နဒီကသာပိုင်ရှင်ရှိလူတန်းစားဖြစ်ကာ သူမနဲ့ရွှန်းလဲ့ကတော့ တစ်ကိုယ်တော်ရွှက်လွှင့်နေကြသော single မမများဖြစ်၏ ။ ဒါကြောင့်လည်းတစ်ခုခုဆိုရင် ရွှန်းလဲ့နဲ့သာပိုရင်းနှီးကာ အကြံဥာဏ်တောင်းတာမျိုး ရင်ဖွင့်ဖြစ်တာမျိုးတွေများသည် ။ နဒီကတော့ အားတာနဲ့သူ့ကောင်လေးနှင့်ပဲ အချိန်ပြည့်လျှောက်လည်နေတတ်သူ ။

နဒီ့ကောင်လေးနဲ့ပယင်းတို့က သိရုံသာသိသည် ။ ခင်ခင်မင်မင်တော့သိပ်မရှိလှပါ ။ နဒီနဲ့သူ့ကောင်လေးက ၁၀ တန်းကတည်းကတွဲလာတာဟု နဒီကသူမတို့ကိုပြောပြဖူး၍ နဒီတို့ရဲ့ relationship ကိုပင်အားကျတယ်ဟုပြောဖြစ်ပါသေးသည် ။ ယခုချိန်ထိ လက်တွဲမြဲလာတဲ့နဒီတို့ရဲ့သ မီးရည်းစားအတွဲကိုမြင်လျှင် တစ်ယောက်သောသူကို သ တိရတတ်တာ သူမရဲ့မပြောင်းလဲတဲ့အကျင့်တစ်ခု ။ ယခုလည်း သတိရမိပြန်တာကြောင့် စိတ်ကမနေနိုင်မထိုင်နိုင် တွေ့ချင်လာရသည် ။

သံယောဇဉ်တွေကတစ်ဖက်သတ်ဆန်နေရင် တစ်ဖက်ကချည်းပဲ ခံစားရသလားမပြောတတ်ပါ ။ ယခုတော့ သူမလည်းပဲ ဒီအခြေအနေနဲ့ပင်နေသားကျနေခဲ့ပါပြီ ။

" အေးပါ ... RS ရှိတဲ့သူတွေဆိုတော့လည်း အားတာနဲ့သွားနိုင်လာနိုင်တာပေါ့လေ "

" ဒါဆို နင်လည်းမြန်မြန်ရှာလိုက်ပေါ့ ရွှန်းလဲ့ရဲ့ "

ရွှန်းလဲ့ရဲ့စကားကို နဒီကပြန်လည်ချေပတော့ မျက်နှာရူံ့ မဲ့ရင်း ခေါင်းတခါခါလည်တခါခါဖြစ်သွားသော ရွှန်းလဲ့ ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now