အပိုင်း ( ၅၁ )

809 80 17
                                    

[ Zawgyi ]
----------------

သူနဲ့ပယင်း အဆက်သွယ်မလုပ်ဖြစ်တော့တာ ၁ ပတ်တောင်ရှိသွားပြီ ။ သူ့ဘက်က လူကိုပြောချင်တိုင်းပြောပြီးထားခဲ့ချင်တိုင်းထားခဲ့တာ ။ သူမက ဒါကိုဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ရမှာတဲ့လဲ ။

cafe ဆိုင်မှာအရူးလိုမျိုး ဆွံ့အပြီးကျန်ခဲ့ရတဲ့သူမရဲ့အဖြစ်ဟာ ယခုမှ ပထမဆုံးရည်းစားစကားအပြောခံလိုက်ရသည့်အတိုင်းပင် ။ ကိုယ့်အဖြစ်ကိုယ် ရှက်လည်းရှက်မိသည် ။ မျက်နှာတစ်ခုလုံးထူပူနေခဲ့တာကို ဘယ်သူမှသိနိုင်လိမ့်မည်မဟုတ်သလို .. ရင်ဘတ်တစ်ခုလုံးပြုတ်ကျမတတ် ခုန် လှုပ်နေခဲ့တာကိုလည်း မည်သူကမျှသိကြမှာမဟုတ်ပါ ။

ထိုနေ့က သူရကိုအိမ်ပြန်လိုက်မပို့စေတော့ပဲ သူမတစ်ယောက်ထဲ taxi ငှားကာဖြင့်အိမ်ပြန်လာခဲ့သည်ကို တစ်စုံတစ်ယောက်ကတော့သိမည်မဟုတ်လောက် ။ လူတစ်ကိုယ်လုံး တကုန်ကယင်နဲ့စိတ်လှုပ်ရှားနေမှုက တော်ရုံနဲ့ပြေမသွား ။ ဒါဟာ ထိုသူနဲ့မှဖြစ်တည်လာခဲ့သောသူမရဲ့သီးသန့်ခံစားချက်တစ်ချို့ ။ ဘာကြောင့်ရယ် ဘာလို့ရယ်ဆိုတာကိုလည်းသူမ မတွေးချင်တော့ ။ တွေးစရာမလိုတဲ့အ ထိ နေရာယူထားတာကိုသိနေပြီမို့ သူမအဖြစ်က အရှက် သည်းနေခြင်းမှန်း ကိုယ်တိုင်လည်းနားလည်ပါသည် ။

ဖုန်းတွေဆက်လာရင်လည်း ရင်တွေတုန်ကာဖုန်းကိုချပစ်မိတဲ့အထိ ။ massage တွေမဖတ်ဖြစ်တဲ့အထိ … စိတ် လှုပ်ရှားချင်တိုင်းရှားနေသော အပျိုဖြန်းလေးသဖွယ် သူမရဲ့ပုံစံဟာ ရယ်စရာကောင်းနေတော့သည် ။ စိတ်တွေပြေသွားတဲ့အခါကျမှ ထိုသူရဲ့အချိုးဟာတစ်မျိုးတစ်မည်ပြောင်းသွားခဲ့လေပြီ ။

အံမယ် … သူက ငါ့ကိုမဆက်သွယ်တော့ဘူးပေါ့လေ !!!
နေပေါ့ … ဘယ်သူ့ရဲ့စိတ်ကိုလာစမ်းနေတာလဲဆိုတာ အဲ့လူမေ့နေပြီထင်တယ် ။

ဤသည်မှာ ဖုန်းကိုကြည့်ပြီးတစ်ကိုယ်ရည် ရေရွတ်နေမိတဲ့သူမရဲ့အချိန်တစ်ချို့ဟာ ထိုသူအဆက်သွယ်မလုပ်တော့သောနောက်ပိုင်းတွင်ဖြစ်လေ၏ ။

သူမဘက်ကအရှက်လွန်ပြီး အဆက်သွယ်ဖြတ်ထားမိတာ ၃ ရက် ။ ထိုသူ့ဘက်က ဒီနေ့နဲ့ဆိုဆက်သွယ်မလာတာ ၄ ရက် ။ စုစုပေါင်း အသံမကြားရတာ ၁ ပတ်ရှိနေပြီ ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now