အပိုင်း ( ၄၈ )

829 88 38
                                    

[ Zawgyi ]
----------------

ပူပြင်းတဲ့နွေရာသီဖြစ်သော်ငြား တိမ်ထူသောနေ့တစ်နေ့မို့ ပတ်ဝန်းကျင်တစ်ခွင်ဟာ အရိပ်ကျနေသည် ။ သန့်ရှင်းပြီးဆိတ်ငြိမ်တဲ့ရပ်ကွက်လေးဟာ အရာအားလုံးအိပ်မောကျနေသဖွယ် ။ လမ်းမထက်၌ ကလေးတစ်သိုက်ဆော့ကစားနေကြသည်ကလွဲ  လမ်းသွားလမ်းလာ စက်ဘီး ဆိုက်ကားဆိုလို့ ၁ စီး ၂ စီးသာရှိသည် ။

ထိုထဲတွင် ကောင်လေး ၂ ယောက်စီးနင်းလာသောစက် ဘီးလေးဟာဖြင့် ရယ်သံတို့ခပ်တိုးတိုးညံနေလျှက် ။ အပြုံးနုနုတို့ခိုတွဲထားသောမျက်နှာများဟာ ကြည်လင်နေသော ရေကန်ငယ်လေးလို ပျော်ရွှင်ကြည်နူးမှုအတိပြီးမှန်း မြင်မိတဲ့သူတိုင်း တွေးကြမည်မှာမလွဲပါပဲ ။

" သေချာဖက်ထား အသစ် … တော်ကြာပြုတ်ကျနေအုံးမယ် "

ခါးနားကအင်္ကျီစကိုဆုပ်ကိုင်ထားသော ကျွန်တော့်ရဲ့လက်နှစ်ဖက်စလုံးအား စက်ဘီးကိုင်ထားရာမှလက်တစ်ဖက် လွှတ်ကာလှမ်းဆွဲပြီး သူ့ရဲ့ခါးကိုဖက်စေသူ ။

တစ်ယောက်သောသူကျေနပ်စေဖို့ ဘေးဘီကိုအသာကြည့်ရင်းပြုံးစစစနဲ့ ခါးဆီသို့ခပ်တင်းတင်းလှမ်းဖက်လိုက်တာက သွင်သစ်ပဲဖြစ်သည် ။ သေချာပါတယ် … မျက်နှာကိုမမြင်ရပေမဲ့ တစ်ယောက်သောသူလည်းပြုံးနေလိမ့်မယ်ဆိုတာပေါ့ … ။

မုန့်သွားစားရအောင်လို့အဖော်လာစပ်တဲ့ဦးကြောင့် ၂ ခါမငြင်းတဲ့ကျွန်တော်က မစီးဖြစ်တာကြာသောစက်ဘီးလေးနဲ့မှသွားချင်သည်ဟု အနည်းငယ်အထွန့်တက်မိသည် ။ သို့သော်ငြား ငြင်းပယ်ခြင်းမရှိ စက်ဘီးတစ်စီးနဲ့အိမ်အထိလာခေါ်သောဦးဟာ ကျွန်တော့်ရဲ့စကားကိုမည်မျှထိဂရုစိုက်တဲ့သူမှန်း အတိအကျပေါ်လွင်နေပါသည် ။

ဒါကြောင့်လည်း ထိုလူသားအပေါ် ပိုပြီးအနိုင်ယူမိသည် ။ ဆိုးမိသည် ။ ဂျစ်တိုက်မိသည် ။ ဒါဟာ သူဖြစ်နေလို့ … သူမို့လို့ပြုမူတာမှန်း ဦးလည်း မသိပဲနေမလားလေ ။

" ခုလို နောက်မှာထိုင်ပြီးမစီးရတာကြာလို့လားမသိဘူး … စီးလို့ကောင်းလိုက်တာကွာ … မုန့်ဆိုင်ကိုတောင် မြန်မြန်မရောက်ချင်သေးဘူး "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now