အပိုင်း ( ၁၄ )

1K 92 9
                                    

[ Zawgyi ]
----------------

ဓာတ်လှေကားတံခါးပွင့်သွားချိန် အပြာရင့်ရောင်အရိပ်လေးဟာမျက်စိရှေ့ကနေထွက်သွား၍ ပိုင်စေလည်းပဲအနောက်ကနေ ဆက်လိုက်သွားမိသည် ။

ရှည်သွယ်တဲ့ကိုယ်ဟန်ပေါ်၌ချပ်ကပ်စွာဝတ်ဆင်ထားသောမြန်မာဝတ်စုံလေးဟာ သူမနဲ့မှပိုမိုလိုက်ဖက်နေသလို ။ ပခုံးစွန်းကျော်ကျော်သာရှိတဲ့မဟူရာရောင်ဆံနွယ်ပျော့ပျော့ဟာ တွေ့စကနှင့်တူတူပင် ။ ရှည်လည်းမလာသလို တိုလည်းမသွား ။ ရိုးရိုးရှင်းရှင်းပုံတော်ဖိနပ်သာဆင်မြန်းထားတဲ့ ခြေချောင်းဖွေးဖွေးလေးများသည် ခြေလှမ်းတစ်ခါလှပ်လိုက်တိုင်း နောက်ကငေးကြည့်နေရသောပိုင်စေ့အဖို့ ရင်ထဲတငြိမ့်ငြိမ့်ဖြင့် ဝေဟင်ထဲရောက်နေကဲ့သို့။

ညို့ယူခြင်းခံရသူအလား အနောက်ကနေလိုက်မြဲတိုင်းလိုက်နေမိပေမဲ့ သူမကတော့နောက်ကိုပင်တစ်ချက်မှယောင်ပြီးလှည့်မကြည့် ။ သူမသွားလိုရာကိုသာ မြဲမြံသော သွက် လက်သော ယဉ်သာသောခြေလှမ်းတွေဖြင့်ခရီးဆက်နေတော့တယ် ။

" ဟာ … မမငြိမ်း … morning "

" morning ဖြူဖွေး "

သွက်သွက်လက်လက်အသံလေးတစ်သံရဲ့နူတ်ထွက်ဟလာသော အမည်နာမတစ်ခု ။

ငြိမ်းတဲ့လား ???

အင်း … တကယ်လည်း သူ့ရင်ထဲကိုသာယာငြိမ်းအေးစေပါသည် ။ သူမဟာငြိမ်းချမ်းခြင်းလေပြေလေးအလား … ဟိုးအနက်ရိုက်ဆုံးရင်းတွင်းထိ တဖြည်းဖြည်းချည်းနှီးဝင်ရောက်ကျူးကျော်လာသော နာမည်လေးပင် ။

သူမထက်ငယ်မည့်ပုံပေါ်သော အစ်မကြီးကပြုံးရွှင်ကာဖြင့် သူမရဲ့လက်လေးကိုလှမ်းဆွဲရင်းစကားစမြည်ပြောနေကြ၏ ။ ပိုင်စေကတော့ ထိုနေရာတွင်သာငူငူကြီးရပ်နေလျှက် အငေးကောင်းဆဲ ။

ခနကြာတော့ မ ကစကားပြောလို့ပြီးသည်ထင် တခြားနေရာသို့လျှောက်သွားကာ စားပွဲဝိုင်းမှဧည့်သည့်တစ်ချို့ကိုနူတ်ဆက်ကာစကားပြောနေပြန်သည် ။ ယခုပိုင်စေရောက် နေတဲ့နေရာက breakfast room ပဲဖြစ်သည် ။ ထိုအချိန် မ ရှိရာဆီကနေအကြည့်ကိုလွှဲလိုက်တော့ မြင်ရသည်က ဦးမိုးနှင့်အတူစကားပြောနေသောသူက ခုနကမကိုလှမ်းနူတ်ဆက်တဲ့အစ်မ ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Nơi câu chuyện tồn tại. Hãy khám phá bây giờ