[ Zawgyi ]
---------------နာရီတွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့သလို အချိန်တွေလည်းတရွေ့ရွေ့နှင့်ကုန်လွန်လာခဲ့လေပြီ ။ သို့သော်ပိုင်စေကတော့ မြန်မာတို့ရဲ့နှစ်သစ်ကူးအခါသမယဖြစ်သော တန်ခူးလတွင်ကျင်းပသည့် သင်္ကြန်ပွဲတော်သို့ရောက်သည့်တိုင် ရန်ကုန်ကိုပြန်မလာခဲ့ပါ ။
ရန်နောင်တို့လည်း ထိုကိစ္စနဲ့ပတ်သတ်၍ဖုန်းဆက်ပြီး ဆူပူဖြစ်ကြပါသေးတယ် ။ ပိုင်စေ့ဘက်ကတော့ခပ်ဟဟရီရင်းသာ သူတို့အားလုံးပူပူညံညံလုပ်တာကိုနားထောင်နေရှာ၏ ။ အသစ်နဲ့ပယင်းကတော့ ကျိန်းလိုက်မောင်းလိုက်လုပ်ရင်းပင် သူငယ်ချင်းဖြစ်သူအပေါ်စိတ်မဆိုးရက်ပဲစိတ်ဆိုးပြေခဲ့ရပြန်သည် ။ ပိုင်စေ့ဘက်ကဘယ်လိုအခက်အခဲတွေရှိနေမလဲဆိုတာ သူတို့မှမသိနိုင်ပဲ … ။ ထို့ကြောင့်အတတ်နိုင်ဆုံးနားလည်ပေးခဲ့သလို ပိုင်စေလည်းပဲသူ့ဂတိကိုတော့သူကိုယ်တိုင် တည်ရှာသည် ။
သင်္ကြန်ကိုရန်ကုန်မှာသာမလည်ပတ်ခဲ့တာ … သင်္ကြန်ပြီးတော့ ကဆုန်လသို့ကူးချိန် ရန်ကုန်ကိုပိုင်စေပြန်ရောက်လာခဲ့သည် ။ အကြောင်းပြချက်ကတော့တစ်ခုတည်းရှိကာ ထိုအရာဟာဆယ်တန်းအောင်စာရင်းထွက်တော့မည်ဖြစ်၍ပင် ။ အောင်စာရင်းထွက်ဖို့ ၁ လလောက်လိုသေးချိန်၌ရင်ခုန်နူန်းဟာ သူလိုကိုယ်လိုပဲဖြစ်သည် ။ ထူးထူးခြားခြားစိတ်လှုပ်ရှားနေမှုမျိုးကို ရန်နောင်တို့သူငယ်ချင်းတစ်အုပ်စုလုံးမခံစားရ … ။ သို့သော် တဖြည်းဖြည်းနဲ့အောင်စာရင်းထွက်ဖို့ နီးကပ်လာသောရက်ကြောင့် အနည်းငယ်တော့စိတ်မောလာခဲ့ပါသည် ။
" ကိုကြီးတို့တောင် ဘာလိုလိုနဲ့အောင်စာရင်းထွက်တော့မယ်နော် ? အငယ်ကတော့ ကိုကြီးတို့အားလုံးကိုယ်စား ခုကတည်းကရင်တုန်နေပြီ ဟီး "
စက်ဘီးရဲ့အနောက်ဘက်မှာထိုင်ရင်း ခပ်တိုးတိုးလေးပြောလာသော ညီမငယ် ။ ကျူရှင်အပို့အကြိုကိုအမြဲတစေတာဝန်ယူထားသောသူ့အဖို့ အငယ့်အားစက်ဘီးဖြင့်လိုက်ပို့နေခြင်းပင် ။
" ခုချိန်မှာ ရင်မခုန်ဘူးပြောရင်နည်းနည်းတော့လိမ်ရာကျမယ်ထင်တယ် … အစကတော့ ကိုကြီးကဘာမှမဖြစ်သေးဘူး … ပုံမှန်ပဲ … ဒါပေမဲ့တဖြည်းဖြည်းနဲ့အောင်စာရင်းထွက်ဖို့နီးလာတော့ စိတ်လှုပ်ရှားလာတယ် … ရလာဒ်အခြေအနေကမဆိုးနိုင်ဘူးဆိုတာသိပေမဲ့လည်း ဆယ်တန်းအောင်စာရင်းဆိုတာနဲ့တင်လူကအလိုလိုစိတ်မောနေရပြီ … ဒါတွေကို အငယ်လည်းမကြာတော့မဲ့အချိန်ကျရင်သိလာပါလိမ့်မယ် "
ВЫ ЧИТАЕТЕ
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Подростковая литератураTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...