Lee Seungri

3K 70 7
                                    

Monster In Me
(Lee Seungri)

" ငါ့နာမည် Seungri..Lee Seungri နောက်
တခါ ဟေ့ကောင်လို့ခေါ်ကြည့်..မင်းသွားတွေ
တန်းစီ နယ်လှည့်သွားရမယ်နော်..."

" မင်း ဘာစကားပြောတာလဲ..ဟေ့ကောင် "

ခွပ်ကနဲ..အသံကြားမှာ တဖက်လူ ယိုင်ထိုး
သွားပြီး သူ့ ပါးစပ်ထဲက ခပ်ဖြူဖြူအရာလေး
နှစ်ခုထွက်ကျလာတယ်..ဟုတ်တယ်..သွား
တွေ ကျွတ်ကုန်တာ..ပါးစပ်ထဲက ခပ်ပျစ်ပျစ်
သွေးတွေကို ထွေးထုတ်လိုက်ပြီး..

" မင်းကိုမင်းသာ Lee Seungri..Lee Seungri
နဲ့ပြောနေတာ..မင်းမိဘတွေဘယ်သူမှန်းရော
သိလို့လား..ဘုရားကျောင်းမှာ စွန့်ပစ်ခံရတဲ့
ကောင်ကများ.. "

ဒေါသကထောင်းကနဲ..

ဖောင်းကနဲ..ဗိုက်နဲ့ ခြေထောက်နဲ့ထိလိုက်တဲ့
အသံ..မြေပြင်ပေါ်မှာ လူးလှိမ့်သွားရတဲ့ ထိုလူ
ကို အပေါ်စီးကနေ ငုံ့ကြည့်ရင်း..

" မင်းလိုကောင်လောက်ကများ ငါ့ကိုသွေးတိုး
စမ်းချင်နေတာ..နောက်တခါ မင်းမျက်နှာ ငါ
မမြင်မိစေနဲ့..ချက်ချင်း အရေခွံဆုတ်ပစ်မယ်
ကြားလား... "

ပြောရင်း စိတ်မထိန်းနိုင်တာနဲ့ပဲ ၃ ၄ ချက်
လောက် ဆင့်ကန်ပစ်လိုက်တယ်..

ဂျွတ်ကနဲ နံရိုးကျိုးသံတောင် ကြားလိုက်မိ
သလားလို့..

ဟုတ်..ဆိုလား..အောက်ကနေ အသံယဲ့ယဲ့
ထွက်လာတော့မှ ကျေနပ်သွားတဲ့မျက်နှာနဲ့
လှည့်ထွက်လာခဲ့တယ်..

သွားတက်ကလေးတွေပေါ်အောင်ပြုံးလိုက်ပြီး
ကိုယ်လုပ်လိုက်တဲ့ လူမိုက်လုပ်ရပ်ကို
တစိမ့်စိမ့်ပြန်တွေးရင်း ကျေနပ်နေတဲ့ ကောင်
ငယ်ငယ်လေး..

သူ့နာမည်က Lee Seungri..
ဆံပင်ဘုတ်သိုက်နဲ့ ပါးချောင်တွေကျလို့
တခါတခါ လှစ်ကနဲပေါ်လာတတ်တဲ့
သွားတက်လေးတွေကြောင့်သာ ရပ်ကွက်
လူမိုက်ကလေးတွေထဲမှာ ရုပ်ထွက်သလိုထင်
ရတာမို့ အနီးအနားကကောင်တွေထဲမှာတော့
လူချောပဲပေါ့..

လောကမှာ ငါ့လောက်မိုက်တဲ့ကောင်ရှိပါဦး
မလားဆိုတဲ့ အတွေးနဲ့ မီးတိုင်မလင်းတလင်း
လမ်းကြားလေးထဲမှာဆောင့်ကြွားဆောင့်ကြွား
လမ်းလျှောက်လာနေတုန်း..အနောက်ကနေ..

" ကောင်လေး..."

ညကတော်တော်နက်နေပြီမို့..သရဲများခြောက်
လိုက်လေသလားတွေးရင်းကျောရိုးထဲစိမ့်လာ
မိတယ်..လူမိုက် မတောက်တခေါက်လေးက
သရဲတော့ ကြောက်တတ်တယ်..ပြီးတော့
ပိုးဟပ်လည်း ကြောက်တယ် အမ်း..မှောင်နေ
တာလည်း ကြောက်တယ်..

" ကောင်လေး..ငါ ခေါ်နေတာ "

မရဲတရဲနဲ့ လှည့်ကြည့်လာတယ် သူ့ပုံစံက
ကြောင်ကန်းကန်းနဲ့မို့..အနောက်က ခေါ်သံ
လာရာဆီက ခပ်ဟဟ ရယ်သံကိုပါ တဆက်
တည်း ကြားလိုက်ရတယ်..

လူအကောင်အထည်ကြီး မြင်လိုက်ရတော့မှ
သရဲမဟုတ်မှန်းသိသွားတယ်..သက်ပြင်းချပြီး
Seungri တယောက် အနောက်ဘက်ကိုရဲရဲ
လှည့်ကြည့်မိတော့..

ခံ့ညားထည်ဝါတဲ့ လူကြီးတယောက်ရပ်နေပြီး
သူ့လက်က သူနဲ့ရွယ်တူလောက်ရှိမယ့်
ကောင်လေးတယောက်လက်ကိုဆွဲထား
တယ်

" ကောင်လေး..မင်းနာမည် Lee Seungri
မလား..အခုပဲ မင်းကိုမွေးစားထားတဲ့ Father
က ဦးတို့ကိုအပြီးအပိုင်မွေးစားခွင့်ပေးလိုက်ပြီ
မင်း တခါတည်း ဦးတို့နဲ့လိုက်ခဲ့ပေတော့..ဒါ
ဦးရဲ့သား..Kwon Jiyong "

ကောင်လေးနှစ်ယောက်အကြည့်ချင်းဆုံလိုက်
ကြတယ်..တယောက်ကိုတယောက်စူးစမ်းတဲ့
အကြည့်တွေနဲ့..

×××××

Monster In Me (Completed)Where stories live. Discover now