Episode (3)

5.2K 591 23
                                    

Zawgyi

နေလုံးနီနီဝင်​လေ​သော....ည​နေဆည်းဆာချိန်သည်
အလင်္ကာလွန်းတို့မိသားစု၏ တစ်နေ့စာ​ဆွေး​နွေးချိန်လည်း ဖြစ်သည်.....။

" အလင်္ကာ သားတို့ကျောင်းမှာ ဒီနှစ်လူအရမ်းများတယ်ဆို.....''

အလင်္ကာအ​မေမှ လက်ဖက်စားရင်း မေးလားသည်။

" ဘာမှမဟုတ်ပါဘူး ​မေ​မေရယ်....တောသားတွေများတယ်....ဟိုတောက သူဌေး​တွေ​လေ တောသူဌေးပေါ့
တောသူဌေး.....''

"အော်ဒါနဲ့ မုန့်ဖိုးလေးပေးကြပါဦး..... အာလူးကြော်သွားဝယ်စားချင်လို့ ''

အလင်္ကာတစ်ယောက် ညရုပ်ရှင်ကြည့်ချိန်တွင် အာလူး​ကြော်မရှိရင်မ​နေတတ်တဲ့ အကျင့်ရှိသည်။

" ကြောင်အိမ်ပေါ်ကယူသွားလိုက်....အက်ျီလည်းလဲသွား ၇တန်းတုန်းက စပန့်ဝမ်းဆက်ကြီးနဲ့ အ​မေက အထည်ဆိုင်ဖွင့်ထားပြီးသားကစုတ်ပြတ်​နေတာပဲလို့ ​ပြောလိမ့်မယ်''

အလင်္ကာအ​ဖေက ဝန်ထမ်း ၊အ​မေက အထည်ဆိုင်
ပိုင်ရှင်ဆို​တော့ ချမ်းသာတဲ့ထဲမပါပေမယ့်အဆင်​ပြေ
သည့်အထဲတော့ ပါသည် ။ လူတွေက​တော့အ​ပေါ်ယံကြည့်ပြီး အလင်္ကာ့ကို အသိုင်းအဝိုင်းတစ်ခု
ထဲက ထင်တတ်ကြတယ်....။

" ဘာမှမဖြစ်ပါဘူး​မေ​မေကလည်း....လမ်းထိပ်ပဲဟာကို သားသွားပြီနော် ''

◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾

ခွန်းမြတ်ထွဋ် တစ်ယောက်လမ်းထိပ်တွင် ​ခေါက်ဆွဲထုတ်လာဝယ်ရာမှ ​တွေ့လိုက်ရတဲ့မြင်ကွင်း​ကြောင့် ကိုယ့်မျက်လုံးကိုမမြင်နိုင်ဖြစ်သွားသည်.....။ ငါသာအမြင်မမှားဘူးဆိုရင်စတိုးဆိုင်က​နေ အာလူး​ကြော်တစ်တွဲလုံးဖြုတ်​နေတာ.......ဟိုကောင်လေးပဲ ။

" အန်တီ..တုတ်ချိုချဉ်​လေး ဆားဗစ်ပေးလိုက်ပါလား
ပိုက်ဆံမပါလာလို့ စားလည်းစားချင်တယ်​လေ ဟီး''

မင်းတို့ရဲ့ ဟိုက်ပါကြီးက ငါးဆယ်တန်ချိုချဉ်တောင်းစား
နေတာဟေ့လို့ အတန်းထဲသွားအော်ရင်ကောင်းလေမလား ။

" နောက်နေ့မှ​ပေး​လေသားရဲ့.....''

" ဟာ...အန်တီကလည်း ၅၀ လေးနဲ့မလာချင်တော့ဘူး
ကျွေးလိုက်ပါတော့နော်...''

The First Step Of Our DreamsWhere stories live. Discover now