Zawgyi
တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာတက္ကသိုလ်
ဝင်ခွင့်ကျူရှင်များအား နောက်လတွင်ဖွင့်တော့မည်ဖြစ်သော်လည်း အလင်္ကာမှာမူ စားကောင်းဆဲ ၊ အိပ်ကောင်းဆဲ ခွန်းမြတ်ထွဋ်ဆိုသည်မှာလည်း အလင်္ကာအား
အိမ်တွင် ဆရာတစ်ဆူလိုကိုးကွယ်ထားပြီး ဖြစ်ချင်သမျှ
အလိုလိုက်အကြိုက်ဆောင်ပေးနေသည်။ယခုတွင်လည်း အလင်္ကာမှအိမ်ရှေ့ဧည့်ခန်းက ဆိုဖာပေါ်တွင်
မိန့်မိန့်ကြီးထိုင်ကာ K-Drama ကြည့်နေသည် ။ ဘေးကခွန်းမြတ်ထွဋ်ကတော့ အလင်္ကာ့မျက်နှာ တစ်ကမ္ဘာ
ထင်၍ မျက်တောင်မခတ်ကြည့်နေသည် ။" ဟဲ့.....ငါ့ကြောင်အိမ်ထဲက ပုဇွန်ခြောက်တွေဘယ်ရောက်သွားတာလဲ ဟိုနေ့ကမှ အစိတ်သားဝယ်ထားတာ
ကို လက်တစ်ဆုပ်ပဲ ကျန်တော့တယ် ''မီးဖိုချောင်ထဲမှ အသံကြောင့်အလင်္ကာတစ်ယောက်
Remote တွေဘာတွေလွတ်ကျပြီး အကြောထဲက
အေးစက်လာတော့သည် ။ သူ၏ကျေးဇူးရှင်မွေးမိသခင်
မာမီမားသားသည် ပုဇွန်ခြောက်နှင့်ပတ်သတ်လျှင်
ဘယ်လောက် စန်းစန်းတင့်မှန်းသူသာလျှင် သိသည်
မဟုတ်ပါလား.....။" ဟဲ့....ဟိုစောက်ကလေး နင့်အမေငါမေးနေတယ်လေ''
ဆိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးဟူ၍အလင်္ကာ
ဘာမှပြန်မဖြေကြားဘဲ မသိချင်ယောင်ဆောင်နေလိုက်သည် ။ မကြာမီပင် ခွန်းမြတ်ထွဋ်မှ လက်ထထောင်
လိုက်သည် ။ အလင်္ကာမှာ ကျေးဇူးတင်လွန်း၍မျက်ရည်များတောင်ကျလာမတတ်....." ကိုကို စားလိုက်တာပါ နေ့လည်က လက်တစ်ဆုပ်
ယူပြီးစားနေတာမြင်ပါတယ် ''ထိုစကားအား ကြားချိန်တွင် ခွန်းမြတ်ထွဋ်အား ဂုတ်မှ
ခွစီးကာ Remote ဖြင့်ထုချင်လာတော့သည် ။" တီးတောင် တီးတောင် ''
တံခါးဘဲလ်သံအား ကြားလိုက်ရချိန်တွင် ငှက်မွှေးတစ်ခုလိုပေါ့ပါးစွာဖြင့် အလင်္ကာအပြေးလေး သွားဖွင့်တော့သည် ။ သို့သော် မြင်လိုက်ရသည့်မျက်နှာကြောင့် ''ဘုန်း '' ကနဲပြန်ပိတ်ရင်း ခွန်းမြတ်ထွဋ်အားကြည့်လိုက်သည် ။
" ဧည့်သည်လား အိမ်ထဲခေါ်လေ ဘာလို့တံခါးပြန်ပိတ်တာလဲ ''
အလင်္ကာ၏အမေလည်း တံခါးအားသွားဖွင့်လိုက်တော့
အနည်းငယ် အံ့သြသွားသည် ။ မက်စ်အနက်အား တပ်ဆင်ကာ အထက်တန်းဆန်ဆန်တင်စီးလှပနေသော
ဒီအမျိုးသမီးသည် သူမ၏အိမ်ကိုဘာကိစ္စကြောင့် ။သို့သော်လည်း သူမစဉ်းစား၍မပြီးခင်မှာတင် ထိုအမျိုးသမီး
သည် မက်စ်အားချွတ်ကာပြုံးပြလာသည် ။ နိုင်ငံကျော်
ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မေမြတ်မြတ်ထွဋ် မှ
လွဲ၍ အခြားမည်သူရှိဦးမည်နည်း ။
YOU ARE READING
The First Step Of Our Dreams