Zawgyi
ယနေ့သည် ကျောင်းပိတ်ရက်ဖြစ်သော်လည်း အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်သော အလင်္ကာလွန်းကတော့ ကျောင်းသွား၍စုံညီပွဲတော်အစီအစဉ်
အတွက် အစည်းအဝေးတက်နေရသည် ။ ဟိုတစ်ပေါက်ဒီတစ်ပေါက်ပြောသံတွေကို စိတ်လေလေနဲ့နားထောင်ပြီး ၁ နာရီအကြာမှာတော့ အိမ်ပြန်နိုင်ပြီဖြစ်သည်။ ကျောင်းပိတ်ရက်ဖြစ်သော်လည်း ဈေးကောရုံးပါမပိတ်သောကြောင့် အိမ်တွင်ခွန်းမြတ်ထွဋ်တစ်ယောက်သာကျန်နေခဲ့သည် ။ ထို့ကြောင့်အလင်္ကာလွန်းမှာ
မြန်နိုင်သမျှ မြန်မြန်ပြန်လာခဲ့သည် ။" ကိုကို ''
အရပ်အရှည်ကြီးနဲ့မလိုက်မဖက် JJ ဘောင်းဘီအတို တီရှပ်လက်ရှည်အမဲ
ကိုလက်ခေါက်ထားပြီး အဝတ်လှန်းနေသောခွန်းမြတ်
ထွဋ်မှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။" အဝတ်တွေ လျှော်ထားတာလား ''
" အင်း ကိုကို့အကျီတွေကိုလျှော်ပေးထားတယ်...ဟီး''
" ကျေးဇူး ''
အဝတ်များစွာကြားထဲမှ တစ်ထည်သောတီရှပ်အဖြူကို
မတွေ့ခင်အထိ အလင်္ကာလွန်း၏ရင်ထဲတွင်ပန်းတွေပွင့်
နေဆဲ ။" WTF! ဒါငါ့ရဲ့တစ်ထည်တည်းသော Limited Edition တီရှပ်အဖြူ လေးမလား....ဘယ်လိုလုပ် ဘယ်လိုလုပ် အဝါရောင်ဖြစ်...''
" ဟင်....ဒါကအစကတည်းက အဝါရောင်ပဲမဟုတ်ဘူး
လား ''" မဟုတ်မှလွဲရင် အဖြူတွေကိုသက်သက်မလျှော်ဘူးလား ရောလျှော်လိုက်တာလား ''
" အဖြူကအဲ့တစ်ထည်ပဲ ပါတာထင်တယ် ''
" သွားပါပြီကွာ...ငါ့ရဲ့တီရှပ်လေး နောက်ဆိုမလုပ်တတ်ရင် လျှောက်မလုပ်နဲ့....ဒုက္ခပေးနေသလိုပဲ ''
အလင်္ကာလွန်းမှ အသံခက်ဆတ်ဆတ်နဲ့အော်လိုက်တော့ အဝတ်ချိတ်တွေချကာအိမ်ထဲသို့ ဝင်သွားတော့သည် ။
" ဟိုက်...ငါအော်တာပိစိလေးလွန်သွားတယ်ထင်တယ် ''
ပြီးမှချော့တော့မယ်ဆိုပြီး ကျန်တဲ့အဝတ်တွေလှန်းပြီးမှ
အခန်းထဲဝင်လာတော့ စောင်ခေါင်းမြီးခြုံကာနံရံဘက်သို့မျက်နှာမူပြီး အိပ်နေတဲ့ခွန်းမြတ်ထွဋ်ကို တွေ့လိုက်ရတော့သည် ။
YOU ARE READING
The First Step Of Our Dreams