Zawgyi
အလင်္ကာလွန်းရဲ့ အစီစဉ်ဖြင့်စာများသောင်းခြောက်ထောင်အားခေါင်ပူထူအောင်ကျက်ပြီးတဲ့အခါမှာတော့
ညနေတောင်တော်တော်စောင်းနေပြီဖြစ်၍ အတန်းသားများ၏မေတ္တာပို့သမှုများကို သာဓုခေါ်ပြီးတဲ့အချိန်အိမ်ပြန်ရန် ပြင်ရတော့သည် ။ ထိုသို့မေတ္တာပို့သူများထဲတွင် ခွန်းမြတ်ထွဋ်လည်း အပါအဝင်ဖြစ်၍ အလင်္ကာ
လွန်းသည် တစ်ယောက်ထဲလှည့်ထွက်လာခဲ့သည် ။" ဟူး....တော်သေးတယ် ဆရာမအိမ်နဲ့ နီးလို့သာပေါ့
မဟုတ်ရင် လမ်းလျှောက်ရမှာမလွယ်ဘူး ''အလင်္ကာလွန်းတစ်ယောက် လမ်းဘေးကပ်ကာချီးပေါက်ရင်းလမ်းလျှောက်နေချိန်တွင် အနောက်မှခြေလှမ်းခပ်ခွာခွာသံကိုကြားရသည် ။ အစပိုင်းတွင် ခွန်းမြတ်ထွဋ်
ဟုထင်သော်လည်း လှည့်ကြည့်လိုက်သောအခါတွင်
အကျီအမဲ ဘောင်းဘီအမဲနှင့်ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာ Mask တတ်ထားသောလူတစ်ယောက်ဖြစ်နေ၍
ကောင်းကောင်းမွန်မွန်ဝတ်ခဲ့မိခြင်းကို နောင်တအကြီးအကျယ်ရသွားသည် ။ ထိုအချိန်မှာပဲ အလိုက်ကန်းဆိုး
မသိသည့် သကောင့်သားသည် အလျင်အမြန်ပြေးလာခဲ့သည် ။ သူလာသည်နှင့်တပြိုင်နက် အနောက်ကသူခိုးဂျပိုးလည်း စလှုပ်ရှားကာ ဓားထုတ်လာခဲ့သည် ။" ပေါက်စ သတိထား ''
ခွန်းမြတ်ထွဋ် သည်အလင်းအလျင်ဖြင့် ထိုသူ၏ဓားအားဖမ်းလိုက်ပြီး သူသေကိုယ်သေတိုက်ကြတော့သည် ။ အစပိုင်းတွင် အလင်္ကာလွန်းသည် ခွန်းမြတ်ထွဋ်
အား ယုံကြည်ကာလက်ပိုက်ပြီးအခြေအနေအား အကဲ
ဖြတ်နေသော်လည်း ဟိုသူတောင်းစားမှာခွန်းမြတ်ထွဋ်အား တွန်းထုတ်လိုက်ပြီး ဗိုက်ပေါ်တက်ထိုင်ကာ ဓားနှင့်ထိုးရန်ပြင်ချိန်တွင်အလင်္ကာလွန်းသည် စိတ်မရှည်တော့ဘဲ လမ်းဘေးရှိခွေးချီးအားပယ်ပယ်နယ်နယ်တက်နင်းကာ ဖိနပ်ချွတ်၍ ထိုဂျပိုးကောင်၏မျက်နှာအားဘေးတိုက်အနေအထားဖြင့် ခွေးချီးပေဘရာဇီးကြက်ပေါင်နှင့် အားရပါးရရိုက်ချလိုက်တော့သည် ။ ဟိုသူခိုးလည်း မျက်နှာတစ်ခြမ်းလွင့်ကာ မြေပြင်ပေါ်သို့
မှောက်ရက်လှဲကျတော့သည် ။" ဟေ့ကောင် ခွန်းမြတ်ထွဋ်ထတော့....မြေကြီးကိုများ
Sweety Home မွေ့ယာထင်နေလား ထမလာဘူး ''
YOU ARE READING
The First Step Of Our Dreams