Zawgyi
အချိန်အားဖြင့် မနက် ၁၀ နာရီ......။ မိုးကုတ်မြို့၏
နေ့အလင်းရောင်အတောက်ပဆုံးအချိန်တဖြစ်လည်း
ကျောင်းသားများနာရီတကြည့်တကြည့်နှင့် စောင့်မျှော်
နေသော အားလပ်ချိန်လည်း နီးကပ်လာပြီဖြစ်သည်။Tong Tong~~Tong Tong
" ရေး....Breaktime ဟေ့''
ရှေ့ဆုံးတန်းမှ အာပြဲမ ဧကရီသွေးရဲ့ အသံဟာဆိုရင်ဖြင့် Bell သံကို
ကျော်လွန်ကာ ၃၁ ဘုံ ဖိန့်ဖိန့်တုန်သွားစေနိုင်ပါတယ်....။" ခွန်းမြတ်ထွဋ်.....ဟုတ်လား ခွန်းကဘယ်မြို့က ပြောင်းလဲတာလဲဟင် ''
ကလေးချီးတစ်သံနဲ့ ကျောင်းသားသစ်အား လာရောနေ
ကြသော တောသူမတစ်စု....သတင်းလွှင့်တာ မြန်ချက်ကတော့ BBC တောင်အရှုံးရမယ်ထင် ။ နှစ်တိုင်းဘယ်အခန်းမှာ အဆင်လေးဟေ့ဆိုတာနဲ့ တစ်ကမ္ဘာလုံး
မှ မိန်းကလေးတွေများအပြေးအလွှား ရောက်လာကြသည့်အတိုင်း ။လာရောရင်လည်းရောချင်စရာပဲလေ
အထက်တန်းဒုတိယနှစ်ကျောင်းသားတစ်ယောက်က အရပ်အဲ့
လောက်ရှည်စရာလိုလို့လားတဲ့....အရပ်နဲ့အညီကျစ်လစ်ထွားကျိုင်းတဲ့ ခန္ဓာကိုယ်အပြင် ရုပ်ကလည်းအရမ်းတွေချောနေတော့ တောရောင်ကျောင်းဝတ်စုံနဲ့တောင်
ကိုယ်ရောင်ကိုယ်ဝါက ထွန်းလင်းတောက်ပနေချက်...။" ခွန်း.... ဘယ်ကပြောင်းလာတာလဲလို့.....''
မွေးကတည်းက စပ်စုတတ်တဲ့ဝါသနာကြာင့် အလင်္ကာ တစ်ယောက် ခါးလေးကိုင်းကာမသိမသာနားစွင့်နေမိသည်...။
" မ.သိ.ဘူး...''
ဒါဘယ်လိုခွေးစကားလဲ...ကိုယ်နေခဲ့တဲ့နေရာ ကိုယ်မသိရအောင် စောက်ရူးလား ရုပ်ချောတယ်ဆိုပြီး မာန်တက်နေတဲ့ ကောင်တစ်ကောင်တိုးလာပြန်ပြီလားကွာ...
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
အတန်းထဲစဝင်ကတည်းက အလင်္ကာလွန်း ဆိုတဲ့အဲ့
ကောင်လေး လူကိုဟန်တောင်မဆောင်နိုင်စွာ
မဲ့ရွဲ့ကာ ကြည့်နေသည်ကြောင့် အနည်းငယ် စိတ်
ထဲ ထင့်သွားမိသည် ။ သူ့ဘေးတွင်ထိုင်ရတော့လည်း ဆူပုတ်နေကာ စကားတစ်ခွန်းမှမပြော...။ပထမနေ့သာ
ရှိသေးပေမယ့် Note တွေဘာတွေနဲ့ စာကိုအပြီအပြင်
လုပ်နေသေးသည် ။ ရုပ်လေးကမဆိုးပေမယ့် သပ်သပ်ရပ်ရပ်မရှိ ၊ အဝတ်အစား၊ အသုံးအဆောင်တွေကတော့ ကောင်းပေမယ့် ခေါင်းတောင်ဖြီးခဲ့ပုံမရ ။
YOU ARE READING
The First Step Of Our Dreams