Episode (20)

2.9K 282 14
                                    

Zawgyi

ညနေစာ စားပြီးချိန်တွင်မနက်ဖြန်စာမေးပွဲဖြစ်သောကြောင့် ဘုရားခန်းတွင် စားပွဲဝိုင်းချကာ ခွန်းမြတ်ထွဋ် နှင့် အလင်္ကာလွန်းသည် စာလုပ်နေကြသည် ။ အခုလိုဆောင်းဝင်ခါစ မိုးကုတ်၏အေးလှစွာသော ရာသီဥတုတွင် ဘုရားခန်းမှာ စာလုပ်နေရခြင်းသည် အလွန်အေးစိမ့်လှသည် ။ သို့သော်လည်း စာမေးပွဲကာလအတွင်းတွင် ဘာသာတရားအလွန်ကိုင်းရှိုင်းကာ ပရိတ် ပဋ္ဌာန်းအကျယ်ရွတ်တတ်ပြီး ထမင်းစားရင်တောင်ဘုရားခန်းတွင်စားတတ်သော အလင်္ကာလွန်း၏အကျင့်ကြောင့် ခွန်းမြတ်ထွဋ် မှာ ဘုရားခန်းရှိကော်လစ်ကြမ်းပြင်ပေါ်တွင်
ခင်းပုံတစ်ခုယူထိုင်ကာ မသက်မသာစာလုပ်နေရသည် ။

" ပေါက်စ ဒီစကားပြေလေး....''

စာမေးမလို့ကြည့်လိုက်တော့ သူတော်ကောင်းလေးသည် မနက်ဖြန်စာမေးပွဲဖြေရမှာကိုစာမကျက်ပဲ တရားထိုင်နေသောကြောင့် စာမေးရမှာလား ထိုင်ကန်တော့ရမှာလားမသဲကွဲ၍ ဒီတိုင်းပဲထိုင်ကြည့်နေလိုက်သည် ။

" အဟင်း ဟင်း ဘာလဲပြော ''

" အော် ဒီစကားပြေလေးကြည့်ချင်လို့ ပေါက်စစာအုပ်လေးတစ်ချက်လောက် ''

" မပါလာဘူးလေ ထားခဲ့တယ် ''

" ဟင် ပေါက်စ မနက်ဖြန်မြန်မာစာဖြေရမှာလေ စာအုပ်မပါဘဲ ဘာသွားကျက်မှာလဲ ''

" အဟမ်း အဟမ်း အဲ့တာက ငါကဘယ်သူလဲ တစ်မိုးအောက်က အချောလေးအလင်္ကာလွန်းလေ အဲ့တော့ ငါကတစ်ရက်စာတစ်ရက်ကျောင်းမှာအပြီးဖြတ်ပြီသား အခုချိန်မှာငါလုပ်စရာလိုတာဆိုလို့ ကံအတက်အကျအပြောင်းအလဲမရှိအောင် တရားဘာဝနာကြိုးစား
အားထုတ်ဖို့ပဲ လိုတယ် ။ ဥုံ ''

" ငင့် ဘာစကားကြီးလဲ ''

" ဒါပေမဲ့ ကြည့်ချင်သပါ့ဆိုရင်လည်း ဒီကအချောလေးက အခုပဲရေးလိုက်မယ် ဒီဟာမလား ''

" အာ...ရပါတယ် မင်းပင်ပန်းသွားမယ် ဒီအတိုင်းပဲ
ကြည့်လိုက်တော့မယ်....''

သူ့ကိုကြည့်လိုက်တော့ စတောင်ရေးနေပြီ ။ What! ဘယ်လိုလူက ဒီလောက်မြန်ရတာလဲ လက်ရေးကလည်းဝိုင်းစက်နေတာပဲ ပြီးတော့တစ်ချက်လေးတောင် မစဉ်းစားဘဲ လက်တန်းရေးနိုင်ရတာလဲ ။ မေးခွန်းပေါင်းမြောက်များစွာနဲ့ ပေါက်စကိုကြည့်လိုက်တော့ နီစွေးစွေးနှုတ်ခမ်းလေးက ပွစိပွစိနဲ့စာတွေဆိုနေကာ နှာခေါင်းလုံးလုံးလေးက ဆောင်းလေကြောင့်ထင်ပါရဲ့ နီနေလေရဲ့ ။ သက္ကလပ်ကုတ်လေးချွတ်ပြီး သူ့အပေါ်ခြုံပေးလိုက်တော့ မျက်နှာလေးမော့လာပြီး လက်ခလယ်ထောင်ပြလေရဲ့ ။

The First Step Of Our DreamsWhere stories live. Discover now