Episode (17)

2.8K 342 16
                                    

Zawgyi

စာမေးပွဲအတွက် အတန်းပိုင်ဆရာမက ကျောင်းသား
များအားသူ့အိမ်တွင် အနီးကပ်သင်ပေးရန်ခေါ်ထားသည်။ အားလပ်ရက်ဖြစ်ပေမယ့်လည်း အချိန်ပိုကြောင့်
တစ်နေကုန် စာလုပ်ရမည်မှာသေချာပေသည် ။

" အလင်္ကာ ရေချိုးသွားနော် ဆရာမကိုအားနာစရာ....
သားခွန်းမြတ်တောင် ချိုးပြီးပြီ ''

" ဟာ...မေမေကလည်း အေးပါတယ်ဆို ကိုယ့်သား
လေးတစ်ယောက်ပဲရှိတာ သေအောင်သတ်နေတာ
လား ''

အလင်္ကာလွန်းသည် ငယ်စဉ်ကတည်းက '' ရေချိုး ''ဆိုသည့်စကားနှစ်လုံးနှင့် အလက်ဂျစ်ရှိသည် ။ ထိုစကားအားကြားလျှင် ရင်ထဲမှစိမ့်အေးလာတတ်သည် ။ ရေချိုးရင်းနဲ့သေသွားမလားဟုတောင် မကြာခဏတွေးတတ်သူုဖြစ်သည် ။

" အပိုတွေပြောမနေနဲ့ သွားရေချိုး သားခွန်းမြတ်ကိုအားမနာဘူးလား ဒီလောက်နေ့တိုင်းပူးကပ်နေရတာကို ''

" ရပါတယ်အမေရဲ့ သားကတော့ပေါက်စကိုနံတယ်လို့မထင်ပါဘူး သားအတွက်သူကအမြဲတမ်းမွှေးလွန်းနေတယ် ''

အိမ်ပေါ်မှ ဂွမ်းဟူဒီအနီ ဂျင်းဘောင်းဘီရှည်အနက်နဲ့ဂွမ်းဦးထုပ်လေးဆောင်းထားကာ ရှိုးအပြည့်နဲ့ဆင်းလာလေသည် ။

" အမလေးသားရယ် ကိုယ့်သူငယ်ချင်းမို့ကာမပြောနေပါနဲ့ အန်တီမနေ့က သူ့နားကပ်သွားတာအသက်တောင်ထွက်ပြီလားလို့ သားမယုံရင်ခေါင်းလေးပဲသွားရှူ ကြည့် ''

ပေါက်စခေါင်းကို နမ်းရမယ့်အဖိုးတန်ရှားပါးအခွင့်အရေးမို့ တုံ့ဆိုင်းမနေဘဲပေါက်စဆီသွားကာ နှာခေါင်းကို
ဆံပင်ဖွာဖွာလေးတွေထဲ နှစ်ဝင်သွားအောင်နမ်းလိုက်သည် ။

* What!  ဒါဘာအနံ့ကြီးလဲ ဘယ်လိုလူရဲ့ ခေါင်းအနံကဘာလို့ဒီလောင်ဆိုးရတာလဲ မဟုတ်မှလွဲရော ပုပ်များပုပ်သွားတာလား အမယ်လေး အသက်ရှူ တွေကျပ်လာပြီ ငါ..ငါ သေတော့မှာလားမသိဘူး *

" သား...သားခွန်းမြတ် အဆင်ပြေရဲ့လား ဘာလို့မျက်နှာတွေ စိမ်းပုတ်သွားတာလဲ ''

" ဟို...ဟိုဟာ မေမေသား ခဏလောက်.....''

ဒီအနံ့ကိုလုံးဝမခံစားနိုင်တော့ ရေချိုးခန်းထဲပြေးဝင်ကာ
အမြန်ဆုံးအန်ချမိသည် ။

The First Step Of Our DreamsWhere stories live. Discover now