Episode(22)

2.6K 287 22
                                    

Zawgyi

" ဟဲ့ကောင်တွေ ထကြတော့ ''

ညကစောစောအိပ်ထားတဲ့အတွက် အလင်္ကာလွန်းနိုးလာတဲ့အချိန်တွင် မနက်၆နာရီသာရှိသေးသော်လည်း
ငါမအိပ်ရရင် ဒင်းတို့လဲမအိပ်ရဘူးဆိုတဲ့အတွေးနဲ့ စောင်တွေလှန် ဆံပင်တွေဆွဲကာ အိပ်မောကျနေတဲ့သုံးယောက်ကို နှိုးနေသည် ။

" ဝါးဟားဟားဟား ဟေ့ကောင်တွေမင်းတို့မထရင် ရေလောင်းမှာနော် ''

ယခုလိုအေးစက်နေသည့် ဆောင်းတွင်းနံနက်ခင်းကြီးတွင် ရေလောင်းခံရမည်ကိုတွေးလိုက်ရုံနဲ့တင် ကြက်သီးအဖြာဖြာ ။ ထို့ပြင်အလင်္ကာလွန်းသည် သူတော်ကောင်းယောင်ဆောင်ထားသော လူယုတ်မာတစ်ပါးဖြစ်သောကြောင့် ဘယ်လိုနည်းနဲ့နှောက့်ယှက်ဦးမလဲမသိ ။

" ဟာ...ထပြီ ထပြီ အလင်္ကာရာ အစောကြီးပဲရှိသေးတာကို ငါတို့က ညတုန်းက ၁နာရီလောက်ထိကြည့်ထားတာ ''

" အဟမ်း အဲ့တာတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလေ ''

" သေနာကောင် ခွေးသတောင်းစားလေး ''

" အား ခွန်းမြတ်ထွဋ် ဘာလုပ်တာလဲ ''

ကုတင်ဘေးထိုင်ကာ ပွစိပွစိနဲ့လူယုတ်မာလေးလုပ်နေသော အလင်္ကာလွန်းကို ခွန်းမြတ်ထွဋ်မှရင်ခွင်ထဲသို့
လှမ်းဆွဲ၍ လက်မောင်းထဲ၌တင်းကြပ်စွာဖက်ထားခြင်း
ဖြစ်သည် ။

" ရှူး ဘေးကကောင်တွေနိုးလာရင်ဘယ်လိုထင်သွားမ လဲ ''

အလင်္ကာလွန်းလည်း ဘေးမှပြန်အိပ်နေတဲ့သူတောင်းစားလေးတွေ နိုးလာပြီးဗမာကားထဲကလိုအထင်တွေ
လွဲသွားမှာစိုးလို့ ငြိမ်ငြိမ်လေးသာနေ နေလိုက်သည် ။

" လိမ္မာတယ် ''

ဒါပေမယ့် အဲ့အတွေးတွေကသူ့လက်ကြမ်းကြီးနဲ့ ကျွန်တော့်ခေါင်းက လာဖွတဲ့အချိန်အကုန်ပျောက်သွားပြီ ။

" ထစမ်း အကုန်ထကြစမ်း မထတဲ့ကောင်တွေအကုန်
ဘုရားစင်က ဖယောင်းတိုင်နဲ့မီးရှို့ပစ်မယ် ''

အလင်္ကာလွန်း၏ စကားကြောင့် စိုင်းဇေယျာခမ်းနှင့်သော်တာမြူ လည်း ပြူးပြဲထလာကြပြီး ခွန်းမြတ်ထွဋ်
လည်းလွှတ်လိုက်ရသည် ။ အဆိုးဆုံးကတော့ အလင်္ကာလွန်း၏ ခုနှစ်အိမ်ကြားအသံဆိုးကြီးကြောင့် တစ်ရပ်ကွက်လုံးနီးပါး နိုးသွားခြင်းဖြစ်သည် ။

The First Step Of Our DreamsWhere stories live. Discover now