Zawgyi
" အဆင်သင့်ဖြစ်ပြီလား ကိုကို ''
ခွန်းမြတ်ထွဋ်မှအလင်္ကာ၏လက်ဖဝါးလေးအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း အလင်္ကာအားကြည့်နေသည် ။ အလင်္ကာသည် ဖြေးဖြေးနှင့်မှန်မှန်အသက်ရှူ ပြီး
နောက် ခွန်းမြတ်ထွဋ်နှင့်အကြည့်ချင်းစုံစေကာ ခေါင်းငြိမ့်ပြလိုက်သည် ။" အင်း....အဆင်သင့်ပဲ ''
" အဲ့တာဆို ကျွန်တော်တို့ သွားကြစို့ ''
" နေဦး....အလင်္ကာ ''
မီးဖိုထဲမှ အော်သံနှင့်အတူမေမေသည် ပုဝါအဖြူ
ဖြင့်ထုပ်ထားသော ထန်းလျက်ခဲနှစ်ခဲအား အပြေးအလွှားလာပေးသည် ။" ရော့ ဒါလေးကို စာမေးပွဲခန်းထဲမဝင်ခင် တစ်ယောက်တစ်လုံးကျေညက်သွားအောင် ဝါးစားလိုက်ကြနော် ''
အလင်္ကာနှင့်ခွန်းမြတ်ထွဋ်မှ ပြုံးကာခေါင်းငြိမ့်ပြလိုက်သည် ။ မေမေသည် လက်နှစ်ဖက်အားရှေ့သို့ဆန့်တန်းလာကာ အလင်္ကာအတွက်
ရင်ခွင်တစ်ခုလုံးအားဖွင့်ပေးလာသည် ။" လာပါဦး မေမေ့သားလေး ''
မေမေသည် အလင်္ကာ၏ကျောပြင်အားခပ်ဖွဖွ ပုတ်သပ်ပေးရင်း အားပေးစကားဆိုလာသည် ။
" သားလုပ်နိုင်မှာပါ ။ မေမေသားကို အကြွင်းမဲ့ယုံကြည်တယ် ။ ဖြေးဖြေးမှန်မှန်နဲ့ သားလုပ်နိုင်သလောက်
အကောင်းဆုံးကိုသာ လုပ်ခဲ့ ''" ဟုတ် မေမေ ''
အလင်္ကာ၏ အနွေးထည်ဇစ်အားအဆုံးထိတပ်ပေးပြီး မေမေသည် အလင်္ကာအားပြုံး၍ကြည့်နေသည် ။
" သွားတော့မေမေ့သားလေး ။ မေမေသားအတွက်
ဆုတောင်းပေးနေမယ် ''" ကလေးတွေ သွားကြရအောင် ''
အိမ်ရှေ့၌ ကားထုတ်ကာစောင့်နေသော ဖေဖေသည် အပေါက်ဝမှအိမ်ထဲသို့ လှမ်းအော်သည် ။
" သွားပြီ မေမေ ''
နှင်းများဝေနေသောအိမ်ပြင်ဘက်သို့ကြည့်ကာ
တက်ကြွသောခြေလှမ်းများဖြင့် လက်သီးတင်းတင်းဆုပ်လျက် ကားတံခါးအားဆွဲဖွင့်လိုက်သည် ။ တစ်ဖက်တံခါးမှဝင်လာသောကောင်လေးသည် သူ၏လက်နှစ်ဖက်အား အာငွေ့ဖြင့်အပူပေးကာ မလွှတ်တမ်း
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည် ။
YOU ARE READING
The First Step Of Our Dreams