Zawgyi
နာကျင်အက်ကွဲနေသော စကားသံများအပြီး မျက်နှာ
ပေါ်မှ တသွင်သွင်စီးနေသော မျက်ရည်များနှင့်အတူ
ချစ်ရသူအားလှပသော အပြုံးတစ်ပွင့်ပေးကာ လှည့်
ထွက်လာခဲ့သည် ။သို့သော်လည်း အနောက်မှ
နူးညံ့၍ အေးစက်သောလက်တစ်စုံကြောင့်.....ခွန်းမြတ်ထွဋ် ရပ်တန့်ကာ အံသြစွာဖြင့်အနောက်ကို လှည့်
ကြည့်မိသည် ။ ခွန်းမြတ်ထွဋ်၏ ညာဘက်လက်အား
လက်နှစ်ဖက်နှင့်ဆွဲထားကာ မျက်ရည်များကျနေသော
အလင်္ကာလွန်းထံမှ တုန်ရီစွာဖြင့် အသံလေးထွက်လာ
ခဲ့သည် ။" ဒါပေမဲ့....ငါ ငါ မင်းကို ထွက်မသွားစေချင်ဘူး....
ငါဘေးနားမှာပဲ အမြဲနေစေချင်တယ် မင်းမောင်း
တဲ့ဆိုင်ကယ်နောက်မှာထိုင်လိုက်ချင်တယ် မင်း
ပြုတ်ကျွေးတဲ့ခေါက်ဆွဲကိုစားချင်တယ် မင်းနဲ့တူတူ
စကားတွေအများကြီး ပြောချင်တယ်.....ပြီးတော့
မင်းနဲ့တူတူ မိုးရေထဲမှာထပ်ပြေးလွှားချင်သေးတယ်
အဲ့ဒါတွေကို သဘောကျတယ်လို့ခေါ်လို့ရှိရင်......
ဟုတ်တယ်....ငါမင်းကိုသဘောကျနေပြီ ''စကားများအား တတွတ်တွတ်ပြောကာ ကြည်လဲ့နေသော မျက်ရည်များနှင့်အလင်္ကာလွန်းကို ကြည့်ပြီး
သွားထပ်လေးများပေါ်သည်အထိ ခွန်းမြတ်ထွဋ်ပြုံး
လိုက်မိသည် ။ သူ့လက်လေးအား လက်လေးနှစ်ဖက်
ဖြင့်စုကိုင်ကာ ခေါင်းလေးမော့၍ ကြည့်နေသောအလင်္ကာလွန်းကို ရင်ခွင်ထဲမြှုပ်သွားသည်အထိ ဆွဲယူဖက်
လိုက်သည် ။" ရပါတယ်ကိုကို..... ကိုကို့ဆီက အဲ့စကားလေး
ကြားရုံနဲ့တင် ကျွန်တော့်ရဲ့အရာအားလုံးကို ကိုကို့
အတွက် ပုံအပ်ပေးပြီးသားပါ.....ကိုကို့ဘက်က ဘာမှ
မလိုဘူး ဒီစကားလေး....အင့် ဒီစကားလေးပြောရုံ
နဲ့တင်.....တကယ်ကို....လိုအပ်ချက်မရှိအောင် ပြည့်စုံ
နေပါပြီ....''စကားတစ်ခွန်းချင်းစီကာ မျက်ရည်များနှင့်အတူ ရှိုက်၍ပြောနေသော ခွန်းမြတ်ထွဋ်အားအလင်္ကာလွန်း
မှ မျက်ရည်စများအား လက်ဖမိုးနုနုဖြင့်သုတ်ပေးလိုက်
သည် ။" မင်းက တကယ်ကိုအရူးပဲ ဘာလို့ငိုနေတာလဲ ''
" ပျော်လို့ပါ....အရမ်းကို စကားနဲ့ဖော်ပြလို့မရလောက်အောင်ကို ကျွန်တော်ပျော်နေမိလို့ပါ....''
YOU ARE READING
The First Step Of Our Dreams