Episode (12)

3.2K 330 20
                                    

Zawgyi

" အောက်အီးအီးအွတ် ''

မိုးလင်းခြင်း၏သင်္ကေတ လင်းကြက်တွန်သံနှင့်အတူ
နေလုံးကြီးလည်း တစ်လောကလုံးကိုအလင်းဆောင်
ပေးရန် တောင်တန်းများကြားမှ ထွက်ပေါ်လာပြီဖြစ်သည် ။

🎼 Oh wait til' I do what to do
Hit you with that ddu-du-ddu-du-du
Hit you with that ddu-du-ddu-du-du
Ah yeah Ah yeah 🔥🎼

မနက် 7:00 Alarm သံကြောင့် အကျင့်ဖြစ်စွာ အလင်္ကာလွန်း နိုးလာခဲ့သည် ။ ဘေးကိုကြည့်လိုက်တော့
မျက်ခုံးထူထူတန်းတန်း ဖြောင့်စင်းနေတဲ့နှာတံ မထူမပါး နှုတ်ခမ်းနီနီ မျက်တောင်စင်းစင်း နှင်းလိုဖြူ တဲ့အသားအရေနဲ့ စောင်ပုံထဲတိုးအိပ်နေတဲ့ ခွန်းမြတ်ထွဋ်... အော် ချောတဲ့သူများ အိပ်နေတာတောင်ချောတာပါလား

" ဟေ့.....ဟေ့ကောင် ခွန်းမြတ်ထွဋ် ထတော့ ''

" ဟင်.....ပေါက်စ ငါ....ငါ ဖျားနေပြီနဲ့တူတယ် ''

သူ့စကားကြောင့် နဖူးပေါ်လက်တင်ပြီးစမ်းမိတော့ ပူကျစ်တောက်နေတာ မီးပူတောင်တိုက်လို့ရလောက်တယ် ဖျားရင်လည်းဖျားချင်စရာပဲ ညကဒီလောက်ချွေးတွေနဲ့ရွဲနေတာ.....ဒုက္ခပါပဲ

" ဟာ....ဖျားနေပြီ ဆေးခန်းသွားရမှာပေါ့ ''

" မသွားချင်ဘူး.....ဆေးခန်း မသွားချင်ဘူး ''

" ခက်တာပဲ.....နေဦးနော် ငါမေမေ့ကိုသွားခေါ်လိုက်ဦးမယ် ပြန်လာမယ်နော် ခဏစောင့်...''

ကိုယ်လည်းဘာလုပ်ရမှန်း မသိလို့မေမေ့ကိုပြေးခေါ်မယ်အလုပ် အားမပါပေမယ့် တင်းတင်းကြပ်ကြပ်ဆွဲလာတဲ့လက်တစ်စုံ ။

" ဟေ့....လွှတ်ဦးလေ ငါကမင်းကိုတရွတ်တိုက်ဆွဲသွား ရမှာလား ''

" မသွားနဲ့..... မသွားပါနဲ့ ငါ့ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့ ''

" ဘာလို့ထားခဲ့ရမှာလဲ....ထားခဲ့ရအောင် ဒါမင်းအိမ်မှ
မဟုတ်တာ ငါ့အိမ်ကိုထားပြီးဘယ်သွားရမှာလဲ''
( သူပြောတာလည်း ဟုတ်တာပဲ 😑)

" အဲ့တာဆိုလည်းလွှတ်ဦး ငါအခန်းထဲကနေပဲ လှမ်းခေါ်လိုက်မယ် ''

" အင်း ''

" မေမေ.....မေမေ့ မေမေရေ ''

" အေးလာပြီ.....နင့်အမေမသေ သေးဘူး အဲ့လောက်ခေါ်မနေနဲ့ ''

The First Step Of Our DreamsWhere stories live. Discover now