Zawgyi
" ကျွန်တော် ကိုကို့ကို လက်ထပ်ချင်တယ် ''
ဧည့်ခန်းအတွင်းရှိ လေထုအားတိတ်ဆိတ်မှုက ကြီးစိုး
သွားသည် ။ အလင်္ကာလွန်းအပါအဝင် လူလေးယောက်၏ အကြည့်သည်ခွန်းမြတ်ထွဋ်ထံသို့ ဒိုင်းခနဲရောက်
ရှိသွားတော့သည် ။ အလင်္ကာလွန်းစိတ်ထဲတွင်တော့
ကုလားဘုရားပွဲလှည့်နေပြီဖြစ်သည် ။" အားတော့နာပေမယ့် ကျန်တဲ့သူတွေ လက်ခံခြင်း ၊
လက်မခံခြင်းကို ကျွန်တော်ကိုဂရုစိုက်မှာမဟုတ်ဘူး
ကိုကို လက်မခံဘူးဆိုလည်း ကိစ္စမရှိဘူး ။ ကျွန်တော်
က ကိုကို့ကို လူမရှိတဲ့ကျွန်းကို ပြန်ပေးဆွဲပြီးခေါ်သွား
မှာ အဲ့တာဆို ကိုကိုရွေးချယ်စရာမရှိ ကျွန်တော်နဲ့ပဲ
သေချာပေါက် လက်ထပ်ရလိမ့်မယ် ''သောက်ကျိုးနည်း....အတွေးပါလား
" ရတယ်လေ ကုန်းပေါ်က ရှဥ့်တစ်ကောင်ကို ပန်းပန်
ပေးပြီး အဲ့ရှဥ့်နဲ့ပဲ လက်ထပ်လိုက်မယ် ''ခွန်းမြတ်ထွဋ်မှ ချက်ချင်းပက်ကနဲပြန်ပြောလိုက်သည် ။
" အဲ့ကျွန်းမှာ ရှဥ့်မရှိဘူးတဲ့ ဘာသက်ရှိမှမရှိဘူး ''
" အဲ့တာဆို ကျောက်ခဲလှလှလေးကိုကောက်ပြီးရင်
နာမည်ပေးပြီး ကျောက်ခဲလေးနဲ့လက်ထပ်လိုက်မယ် ''" ကျောက်ခဲလည်း မရှိဘူး ''
" ကုန်းပေါ်က သဲမှာပဲ ပုံဆွဲပြီး လက်ထပ်မယ်ကွာ
အဲ့သောက်ကျိုးနည်း ကျွန်းက သဲတော့ရှိတယ်မလား''" သဲလည်း မရှိဘူး ''
အလင်္ကာအကြီးအကျယ် တင်းသွားတော့သည် ။
ဘယ်နှယ့် သဲမရှိတဲ့ကျွန်းကဘယ်လိုလုပ် ရှိမှာလဲ....." ကြီးတော်ကြီးကို သဲမရှိ...''
" ကျွန်တော့်ရဲ့မေးခွန်းမှာYes Or Ok နှစ်ခုထဲက တစ်ခုပဲဖြေခွင့်ရှိတယ်.....ကိုကို ကျွန်တော့်ကို လက်ထပ်နိုင်မလား ''
Yes or Ok ပဲဖြေခွင့်ရှိတယ်ဆို....အခုငါ့ကို လာနောက်နေတာလား ။ ငါ့မှာတော့ တစ်ခါမှကောင်မလေး
မရှိဖူးပေမယ့် အခုလိုလက်ထပ်ခွင့်တောင်းမယ့် အချိန်
လေးကို ဇာတ်ကားတွေကြည့်ပြီးစိတ်ကူယဉ်လိုက်ရတာ....အခုတော့ လက်ထပ်ခွင့်တောင်းခံရတာတောင်
မိဘတွေအရှေ့တည့်တည့် '' တန်းခိုးထွန်းလင်း စနေဂြိုလ်မင်း '' ကြီးလွှင့်နေတဲ့အချိန်တဲ့လား ။ လိုက်ဖ်အစ်
ဆိုးဂွတ် ရိုမန့်တစ်ဆန်ချက်ပဲ....
YOU ARE READING
The First Step Of Our Dreams