Zawgyi
တီရှပ်အဖြူ စတိုင်ပန်အနက်နှင့် အထာကျကျလှပနေသူ
နိုင်ငံကျော်မင်းသမီး မေမြတ်မြတ်ထွဋ် တစ်ဖြစ်လည်း
ခွန်းမြတ်ထွဋ်၏ မိခင်ဆိုသူသည် အပြုံးတုတစ်ခုဖြင့်
ကြိုဆိုနေသည် ။ အပြုံးတုတစ်ခုလောက်ကတော့
အနုပညာသမားတို့၏ ကလေးကစားစရာထက်တောင်
လွယ်သောအရာမဟုတ်ပါလား ။ သို့သော်လည်း
မသိလျှင် ရင်ထဲမှနှစ်နှစ်ကာကာနွေးနွေးထွေးထွေး
လာသည့် အပြုံးတစ်ခုကဲ့သို့.....။" လာ....သားထိုင်လေ ''
အဆင်သင့်မှာပေးထားသော လိမ္မော်ဖျော်ရည်ခွက်ရှေ့တွင် အလင်္ကာလွန်းဝင်ထိုင်လိုက်သည် ။
" အန်တီမှာပေးထားတာ အဆင်ပြေရဲ့လား ''
" ဟုတ် ပြေပါတယ်ဗျ..... ဟိုဟာ ဒါနဲ့လေ အန်တီပြော
မှာကို အဓိကအချက်လေးပဲ လိုရင်းတိုရှင်းလေးပဲပြော
ပေးလို့ရမလားဗျ ဟိုရိုင်းတယ်လို့ ထင်မလားတော့မသိပေမယ့် အန်တီကတကယ်ကို ခေါက်ဆွဲပြုတ်နေတဲ့
အချိန်ကွက်တိကြီးခေါ်လိုက်တော့လေ ခေါက်ဆွဲက
ပွသွားမှာစိုးလို့....ပဲခေါက်ဆွဲလေ သိတယ်မလား.....
ပဲခေါက်ဆွဲ ''ဒေါမေမြတ်မြတ်ထွဋ်မှ မျက်မှောင်တစ်ချက်ကျုံ့ကာ ကော်ဖီခွက်အားချပြီးသည့်နောက် အလေးထားသည့်
ပုံစံဖြင့် သေသေချာချာကြည့်၍ပြောလာသည် ။" Ok လေ အန်တီလည်း အဓိကအချက်ပဲပြောလိုက်တော့မယ် အန်တီ့သားနဲ့သားတွဲနေတာ အန်တီသိတယ်
ဘာဖြစ်လို့အဲ့လို သဘာဝမဆန်တဲ့ကိစ္စကိုလုပ်နေကြ
လည်းတော့အန်တီမသိဘူး ဒါပေမယ့်ဒါကမဖြစ်နိုင်ဘူး
ဆိုတာ သားတို့လည်းသိမှာပါ......အဲ့တော့ အန်တီစုံစမ်းထားသလောက်ကတော့ သားကစာတော်တယ်လို့
ကြားတယ် သားစိတ်ထဲကသာ ဆန္ဒရှိရင်လိုချင်တဲ့ငွေ
ပမာဏနဲ့သွားချင်တဲ့နိုင်ငံကို ကြိုက်သလိုပြောလိုက်ရုံ
နဲ့ ဖြစ်သွားစေရမယ်..... ဆိုတော့ အန်တီပြောတာကို
သားသဘောပေါက်မှာပါ ''အလင်္ကာမှ ဖျော်ရည်သောက်နေရင်းတွေးနေသည့်ပုံမို့
ဒေါ်မေမြတ်မြတ်ထွဋ် အနည်းငယ်စိတ်သက်သာရာရ
သွားသည် ။ ဒီလောကမှာ ဘယ်အရွယ်ဖြစ်ဖြစ်အရေး
အကြီးဆုံးနဲ့အလိုအပ်ဆုံးက ပိုက်ဆံပဲမဟုတ်ပါလား ။
YOU ARE READING
The First Step Of Our Dreams