Zawgyi
" ရား....လွှတ်စမ်းပါ ငါ့လက်တွေနာနေပြီ''
" အာ.....ဆောရီး''
*ဟိုကောင်မလေးတွေ ပေါက်စကိုဝါစားမတတ်ကြည့်နေလို့ အတင်းဆွဲခေါ်ခဲ့မိတာနာနေမှာပဲ*
" ရပါတယ်....ဒါနဲ့ဘာလို့အတင်းဆွဲခေါ်ခဲ့တာလဲ''
" ဒီတိုင်းပဲ.....ကြာမှာစိုးလို့''
* ဒီတိုင်းပဲဆိုတဲ့ စကားနောက်မှာမပြောလိုက်ရတဲ့စကားလုံးတွေအများကြီး....*
" လာဝင်ကြစို့''
" အင်း ''
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ရုပ်ရှင်ရုံထဲရောက်တော့ ပေါက်စကဝယ်လာတဲ့မုန့်တွေ
တစ်ထုပ်ပြီး တစ်ထုပ်ဖောက်နေတော့တာပဲ ဖောက်ပြီး
တော့လည်းစားတယ်အားရပါးရ.....ဇာတ်လမ်းတောင်
မစသေးဘူး..... မုန့်ကကုန်တော့မယ် အာလူးကြော်တွေတစ်ထုပ်ပြီးတစ်ထုပ်သာ ကုန်သွားတယ်' စားပါအုံး '
လို့တစ်ခါမှမပြောလိုက်ဘူး ဇာတ်လမ်းစတော့လည်း
မကြည့်ဘူး မုန့်ပဲသဲကြီမဲကြီးစားနေတာ မုန့်လည်းကုန်
တော့အိပ်တော့တာပဲ.....ခူးခူးခေါခေါနဲ့ သွားရည်တောင်ကျနေသေး" အလင်္ကာလွန်း.....အလင်္ကာလွန်း ထတော့ ဇာတ်ကားပြီးပြီ''
*ဇာတ်လမ်းသာပြီးသွားတယ်.....သူကတော့အိပ်ကောင်းတုန်း ပြုံးနေလိုက်တာများ အိပ်မက်ထဲမှာ ကောင်မလေးတွေနဲ့ တွေ့နေတာလားမသိဘူး...*
" ဟမ်....ဟမ် ပြီးသွားပြီလား''
" အင်း....သွားရည်တွေသုတ်လိုက်ဦး''
*ညစ်ပတ်လိုက်တာ....ဆွယ်တာနဲ့သွားရည်တွေကို
လက်နှီးစုတ်လို သုတ်လိုက်တာ သူ့အကျီကတော့
ကောင်းတော့မှာပဲ*" ရပြီလား....ငါဗိုက်ဆာနေပြီ မုန့်သွားစားကြစို့''
* 3800 ဖိုးလုံးမင်းပဲစားလိုက်တာလေ...ဗိုက်ဆာ
နေပြီတဲ့လား*◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ကန်ပတ်လမ်းအရှေ့မှာ စီရီတန်းကာဖွင့်ထားသော
မိုးကုတ်မြို့ရဲ့တစ်ခုတည်းသော ညဈေးတန်း ညနေ
စာစားချိန် အလုပ်ဆင်းချိန်ဖြစ်သောကြောင် ဆိုင်တိုင်း
တွင်လူများကြိတ်ကြိတ်တိုးနေတာတော့ အံသြဖွယ်ရာ
မရှိ မုန်ညှင်းပေါင်း၊ မှိုပေါင်း ၊ တိုဖူးပျော့ ၊ ဆန်စီးဆန်ဖွယ် ၊ ဝက်သားချဉ် ၊ ရှမ်းထမင်းချဉ်၊ ထမင်းသုပ် ၊ဖက်ထုပ်ပေါင်း ၊ ဝက်စတူးခေါက်ဆွဲ ၊ အာပူလျှာပူ ၊ ဝက်သား
တုတ်ထိုး အစရှိတဲ့မုန့်မျိုးစုံကတော့ အလင်္ကာလွန်း ရဲ့
အမြင်အာရုံကို ဖမ်းစားထားလေရဲ့......
YOU ARE READING
The First Step Of Our Dreams