Zawgyi
တီ...တီ...တီ
အထက်တန်းနောက်ဆုံးနှစ်တဖြစ်လည်း တက္ကသိုလ်ဝင်ခွင့်အတွက်ရွေးချယ်ပြင်ဆင်ရန်အရေးကြီးသော စာသင်နှစ်စတင်ဖွင့်လှစ်ပြီဖြစ်၍ လမ်းပေါ်တွင် ကားများ၊
ဆိုင်ကယ်များဖြင့် ကြိတ်ကြိတ်တိုးနေတော့သည် ။ အလင်္ကာတို့၏ မြို့တွင်အထက်တန်းနောက်ဆုံးနှစ်အတွက်တန်းဝင်သော ကျောင်းနှစ်ကျောင်းသာရှိသည် ။
အလင်္ကာနှင့်ခွန်းမြတ်ထွဋ်တို့တက်ရောက်နေသည့်
" Future '' Private School နှင့် '' Nature '' Private
School ဟူသည့်ကျောင်းကိုယ်ပိုင်ကျောင်းနှစ်ကျောင်း
သာဖြစ်သည် ။ နာမည်တွေကလည်း ဆင်လိုက်လှလေခြင်းဟု စဉ်းစားနေလျှင် ဟုတ်ပါသည်...တကယ်ကို
ဆင်တူပါသည်။ ထိုကျောင်းနှစ်ကျောင်းတွင် Future က.ပ.က သည်ပို၍နာမည်ကြီးသော်လည်း အောင်ချက်
များမှာမူ သူမသာ ကိုယ်အသုဘ အနေဖြင့် အလွန့်အလွန် အပြိုင်အဆိုင်များကာ မတည့်ကြသောကျောင်းနှစ်
ကျောင်း
ဖြစ်သည် ။ တစ်ကျောင်း၏ကျောင်းဝတ်စုံမှ အနီဆိုလျှင်
နောက်တစ်ကျောင်းမှ အပြာ ၊ တစ်ကျောင်းမှ Trip အား
ပြင်ဦးလွင်သို့ထွက်လျှင် တစ်ကျောင်းမှ မန္တလေး စသဖြင့်
အချင်းချင်း ကပ်သီးကပ်သက် ပြိုင်ဆိုင်တတ်ကြသေးသည် ။" တီ...တီ...တီ ''
ယခုတွင် ကျောင်းအသီးသီးမှ ကျောင်းသားသစ်များ
နှင့် ယခင်ကျောင်းသားများသည်ပါ ထိုကျောင်း
နှစ်ကျောင်းသို့ ဦးတည်ကာသွားနေတာကြောင့် မိုးကုတ်မြို့၏ ကျဉ်းမြောင်းလှသော လမ်းသွယ်လေးများမှာ
လည်း ပြည့်ကျပ်နေတော့သည် ။" ဒီထက်မြန်မြန်လေး မောင်းလို့မရဘူးလားဟ.....
တော်ကြာငါ အရှေ့ဆုံးခုံမရဘဲနေလိမ့်မယ် ''ခွန်းမြတ်ထွဋ်၏ ဆိုင်ကယ်အဝါလေးနောက်မှ ခွထိုင်ကာ ပွစိပွစိဖြင့်လျှာရှည်နေသူမှာ အလင်္ကာလွန်းသာ။
" လမ်းတွေအဲ့လောက်ကြပ်နေတာကို....ကိုကို
ကလည်း ပြီးရင် အရှေ့ဆုံးမှာထိုင်ပြီးဘာလုပ်မှာလဲ
ဗျာ ကလေးလည်းမဟုတ်ဘဲနဲ့ ''" တိတ်စမ်း အရှေ့ဆုံးထိုင်တာက ငယ်ငယ်ကတည်းက ငါ့ဝါသနာပဲ စကားမများဘဲ မြန်မြန်သာမောင်းစမ်း
ပါ ''
YOU ARE READING
The First Step Of Our Dreams