Episode (14)

3K 331 12
                                    

Zawgyi

" x ကိုအရင်ရှာလေ x ရမှ y ရှာလို့ရမှာပေါ့ ဒါလေးတောင် မသိဘူးလား မင်းဘယ်လို အလယ်တန်းအောင်
လာတာလဲ ''

နောက် ၁၀ ရက်နေရင် စာမေးပွဲဆိုတဲ့စကားကြောင့် ညနေစာစားပြီးချိန်တွင် အလင်္ကာလွန်းသည် ခွန်းမြတ်ထွဋ် အား စာရှင်းပြနေသည် ။

" ဟိတ်.....ဘာကြောင့် ညီတာလဲ ရှာဦးလေ မညီရင်
ဘယ်လို သက်သေပြမှာလဲ ''

" ဟာ....မသိတော့ဘူး မတွက်ချင်တော့ဘူး ''

" ဟိတ်....မတွက်ချင်လို့ မရဘူးလေ မင်းရဲ့အခုအခြေအနေနဲ့ဆို အောင်မှတ်တောင်မသေချာဘူး သချာင်္မှာ A
ရမှ ငါတို့တူတူထိုင်ရမှာနော် သချာင်္နဲ့အင်္ဂလိပ်အမှတ်ကိုကြည့်ပြီး နေရာစီမှာနော် မင်းတစ်ယောက်တည်းအနောက်မှာ ထိုင်ချင်လို့လား ''

* ဒါတော့မဖြစ်ဘူး ငါအနောက်ရောက်သွားရင် ပေါက်စက ရသန်လင်းနဲ့တူတူ ထိုင်ရမှာပေါ့ စာသေချာလုပ်ရမယ် ပေါက်စစိတ်ပျက်သွားလိမ့်မယ် *

" အင်း....တွက်မယ် ပြန်ရှင်းပြနော် ''

" ဟူး....သေချာနားထောင်နော် ''

" ဒီမှာ x ကိုအရင်ရှာမှ y ကိုရှာလို့ရမယ်နော် အဲ့တာဆို
တော့ x ကိုရှာဖို့ ပေးချက်ကို သုံးမယ်.....''

နှုတ်ခမ်းလေးတထော်ထော်နဲ့ မေးခွန်းကိုလက်ထောက်ပြီး စိတ်ရှည်လက်ရှည်ရှင်းပြနေတဲ့ ဒီကောင်လေးကို
ဆွဲဖက်လိုက်ရင် စိတ်ဆိုးသွားလေမလား ။ ဒါပေမဲ့
တကယ်ကို ချစ်ဖို့ကောင်းလွန်းပါသည် ။ စာရှင်းပြနေရင်း ကျလာတဲ့ ဆံပင်လေးတွေကို အပေါ်မှာအလုံးလေး
ဖြစ်အောင်စုစည်းထားပြီး ခြင်ကိုက်တဲ့အနာကို သနပ်ခါးဝိုင်းဝိုင်း လိမ်းထားတဲ့ ဒီကောင်လေးဟာ တကယ်ကို ချစ်ဖို့ကောင်းလွန်းပါသည် ။

" ကယ်....ရပြီလား နားလည်ပြီလား ''

" ဟင်....အင်း ''

သူ့ကိုကြည့်နေတာနဲ့ ဘာပြောလိုက်မှန်းတောင်မသိတော့ပေမယ့် ထပ်ရှင်းပြခိုင်းရင် ရွှေစိတ်တော်ငြိုးသွားမှာ
ကြောက်ရတာမို့ '' အင်း '' ဟုသာဖြေတော်မူလိုက်သည် ။

" အေး....နားလည်ရင် တွက်တော့ နားမလည်လည်း ၂ ပေမြောင်းထဲ ခုန်ချပြီး သေလိုက်တော့ ''

The First Step Of Our DreamsWhere stories live. Discover now