Episode(47)

1.3K 122 9
                                    

Zawgyi

ရသန်လင်းမှ ကြမ်းပြင်ပေါ်ထိုင်ချကာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုကြွေးနေသည် ။

" ဘာလို့ငါ့ကို လူတိုင်းကမရွေးချယ်ချင်ကြတာလဲ ။
ဘာလို့ငါ့ကို လူတိုင်းကစွန့်ပစ်သွားကြတာလဲ ။
ဖေဖေနဲ့တင်ကိုငါ့ဘဝရဲ့နေ့ရက်တိုင်းကသေလော
က်အောင် ခက်ခဲနေတာကို ၊ ဘာလို့မင်းကပါလဲ
ဘာလို့အမြဲတမ်း ငါပဲလဲ ၊ ငါလည်းတစ်ခါလောက်
အရွေးချယ်ခံပါရစေ ။ ငါလည်းတစ်ခါလောက် အချစ်
ခံပါရစေ ''

အလင်္ကာသည် ရသန်လင်း၏ ကျောပြင်အားခပ်ဖွဖွသပ်ပေးလိုက်သည် ။ အလင်္ကာ၏ ပုခုံးပေါ်၌ အသံများထွက်သည်အထိ ငိုကြွေးနေသောရသန်လင်းသည် အသက် ၁၀ နှစ်အရွယ်ဖခင်အသုဘက သဖွယ်။
မျက်လုံးများနီရဲကာ လက်ချောင်းများကပ်သွားသည်အထိ ၊ အသက်မရှူ နိုင်အောင် နှာခေါင်းပိတ်သွားသည်အထိ ၊ မျက်ရည်စများခမ်း​ခြောက်သွားသည်အထိ နောက်ဆုံးအနေနှင့် ငိုကြွေးပါရစေ ။ ဝမ်းနည်းစရာကောင်းတဲ့အမှတ်တရတွေအားလုံးကို မျက်ရည်စများနှင့်အတူ မျှောချလိုက်မှာမလို့ ပိုကောင်းမွန်တဲ့ အမှတ်တရတွေက စောင့်မျှော်နေပေးပါ.....။

" လွန်း  ငါတစ်ခုသိချင်တာက မင်းဘာလို့သူ့ကို
ရွေးချယ်ခဲ့တာလဲ ။ သူကမင်းကိုအပျော်တွဲတာ
ဆိုရင်ရော ငါသိသလောက်ဆိုရင် မင်းကသူ့ရဲ့
ပထမဆုံးကောင်လေးမဟုတ်ဘူး ။ မင်းအရှေ့မှာ
သူအပျော်တွဲခဲ့တယ်ကောင်လေး ရှိသေးတယ် ။
မင်းအဲ့တာကော သိရဲ့လား ''

ဒီတစ်ကြိမ်တုန်လှုပ်သွားသည့် လူကတံခါးအားမှီကာ
ရပ်နေသည့် ခွန်းမြတ်ထွဋ်ဖြစ်သည် ။ တံခါးအားတွန်းဖွင့်ကာ အနောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်သွားရင်း
အလင်္ကာအား ကြည့်လာသည် ။

" မဟုတ်ဘူး မဟုတ်ဘူးကိုကို အဲ့လိုမဟုတ်ဘူး ''

အလင်္ကာမှ သက်ပြင်းချကာ မျက်ဖြူတစ်ချက်လန်လိုက်သည် ။

" မဟုတ်ရင်လည်း ငါ့ရှေ့လာပြီး ဘာကြောင့်မဟုတ်
တာလားဆိုတာ သေချာလာရှင်းပြပါလား ။ ဘာလို့
အနောက်ဆုတ်သွားတာလဲ ''

ထိုအခါမှ ခွန်းမြတ်ထွဋ်သည် အလင်္ကာ၏ရှေ့တွင်တည့်တည့်ရပ်ကာ မျက်ဝန်းတစ်စုံအား တည့်တည့်စိုက်ကြည့်လိုက်သည် ။

The First Step Of Our DreamsWhere stories live. Discover now