Zawgyi
ညစာစားပြီးချိန်တွင် အလင်္ကာလွန်းနှင့်ခွန်းမြတ်ထွဋ်သည် အဝတ်ထည့်ခြင်းအမှုဖြင့် အလုပ်ရှုပ်နေကြသည် ။
အသစ်ဝယ်လာသော အကျီများနှင့် အရင်ကအကျီအသစ်များကို စနစ်တကျစီရီထည့်နေကြသည် ။" ဟိတ် ဘာလို့ငါ့အိတ်ထဲလာထည့်တာလဲ ''
အလင်္ကာလွန်းကျကျနနခေါက်ထားထားသော အကျီများပေါ်သို့ ခွန်းမြတ်ထွဋ်၏အဝတ်များလာထည့်ခြင်း
ကြောင့်ဖြစ်သည် ။" အိတ်ကကောင်းတာကဒီတစ်အိတ်ပဲရှိတာတဲ့ မေမေက တူတူမျှသုံးလိုက်ဆိုလို့ ''
" ဘယ်လိုလုပ်ဖြစ်မှာလဲ ''
" အလင်္ကာ လျှာမရှည်နဲ့ခရီးစရိတ်က သားခွန်းမြတ်ပေးမှာနော် အိတ်လေးတော့မျှသုံးပေါ့ ''
ခရီးစရိတ်ပေးမယ်ဆိုသည့်အချက်နဲ့ပင် အကျီဝယ်တုန်းကလည်းဆင်တူ၊ ဦးထုပ်ကလည်းဆင်တူ ၊ အိတ်လည်းတစ်အိတ်လည်းသုံးရ ၊ ဒါပြီးရင် ထိုင်တော့လည်းတူတူထိုင်ရဦးမယ် အိပ်ရင်လည်းတူတူအိပ်ရဦမယ် မဟုတ်ရင်တစ်ယောက်တည်းငတ်နေမှာပေါ့ အမလေး ၅၀၀၀၀ နဲ့ခံဟ လူဖြစ်ရှုံးလိုက်တာ......
" အဝတ်တွေထည့်ပြီးရင် ပြီးပြီမလား စောစောအိပ်ကြတော့နော် ''
" ဟုတ်မေမေ့ ဒါပြီးရင်အိပ်တော့မှာ ''
" အေး မေမေသွားပြီနော် မိုးချုပ်တော့မယ်မြန်မြန်ထည့်ကြ ''
" ဟုတ် ''
အဝတ်များအား စနစ်တကျပေါင်းထည့်ပြီးချိန်တွင် ရေချိုးခန်းသုံးပစ္စည်းများနှင့် မုန့်ထုပ်များကိုစုထုတ်ကာ အဝတ်အိတ်ဘေးတွင် ချထားလိုက်သည် ။
" ပေါက်စ အိပ်တော့မလား ''
" အင်း မီးပိတ်လိုက်တော့ ''
ခွန်းမြတ်ထွဋ် မီးပိတ်ပြီးအိပ်ယာပေါ်တက်လာချိန်တွင် တစောင်းအနေအထားဖြင့် ဘေးသို့လှည့်ကာအိပ်နေသည့် ပေါက်စကိုစောင်လေးခြုံပေးရင်း အနားသို့ကပ်သွားလိုက်သည် ။
" ဟာ မခြုံပေးနဲ့ မခြုံချင်သေးလို့ ''
" ဒီလောက်အေးနေတာကို ပျင်းရင်ပျင်းတယ်ပြော ''
YOU ARE READING
The First Step Of Our Dreams