Zawgyi
" တစ်နေ့တစ်နေ့ ငါပဲလုပ်နေရတယ် မနက်ဆိုဆိုင်ရောင်း ညဆိုအိမ်အလုပ်လုပ်နဲ့ ကယ်ပြောပါဦး....ကျုပ်
ကဘယ်အချိန်သွားနားရတော့မှာလား ရှင်ကတော့
ရုံးကပြန်ရောက်ရင် တီဗွီလေးကြည့် မုန့်လေးစား
ဖုန်းလေးပွတ်နဲ့..... ''ခြံထဲသို့ဝင်လာသည်နှင့် မေမေ့ရဲ့ဆည်းလည်းသံများ
သည် လွှင့်ပျံ့လာခဲ့သည် ။ ဒီပုံစံအတိုင်းဆိုအခြေအနေ
မဟန်....အလင်္ကာပါ ရစ်ခံရနိုင်ချေရှိသည် ။ အိမ်ထဲသို့ခြေလှမ်းဖွဝင်လာကာ ထိုင်ရမလိုထမရလိုနှင့်ဖေဖေ့
နားကပ်ကာ အခြေအနေအားစုံစမ်းလိုက်သည် ။" ဖေဖေ....မေမေက ဘာဖြစ်လို့လဲ ''
" အော်....မသိပါဘူးကွာ ဒီနေ့သူ့အတန်းဖော်တစ်ယောက်နဲ့တွေ့ခဲ့တယ်တဲ့ Dinner သွားမလို့အကျီတွေ
လာဝယ်တာတဲ့ ပြီးတော့ သူဝယ်လာတာကလည်း
Brand တွေကြီးပဲတဲ့ အဲ့မှာစတော့တာပဲ သူများတွေ
Dinner တက်လိုက် Shopping ထွက်လိုက်လုပ်နေတဲ့
အချိန်သူကတော့ အိမ်အလုပ်ကော ဆိုင်အလုပ်ကော
လုပ်ရတယ်ဆိုပြီးရစ်တော့တာပဲ....''ကြားရတဲ့အတိုင်းဆိုရင်တော့ အခြေအနေသိပ်မဟန်။
အိမ်ပေါ်ကို မသိမသာခိုးတက်မယ်ကြံကာရှိသေး...." ကိုကို ဖုန်းဘေသွားဝယ်ဦးမှာဆို ''
စောက်အလိုက်ကန်းဆိုးမသိတဲ့ကောင်ပဲ....။ ခွန်းမြတ်ထွဋ်၏အသံလည်းကြားရော မီးဖိုထဲမှမေမေ့၏
စကားများသည် အလင်္ကာဆီသို့မြားဦးလှည့်လာတော့
သည် ။" အေး နင်လည်းအားတာနဲ့ ဖုန်းပဲကြည့်နေ....အားတဲ့အချိန်လည်း ကိုယ့်အမေကိုကူပေးမယ်မရှိဘူး ဆယ့်နှစ်ရာသီ ဖုန်းပဲကြည့်နေ ပန်းကန်တစ်ချပ်လည်းမဆေး
အဝတ်တစ်ထည်လည်းမလျှော်....ဒီအိမ်မှာငါကလွဲရင်
ဘယ်သူမှ လက်မပါကြတော့ဘူးလား ငါကအိမ်ကျွန်ကြီးကျနေတာပဲ ငါ့ပဲခိုင်းစားနေကြ.....''အခြေအနေအား သဘောပေါက်သွားဟန်နှင့် ခွန်းမြတ်ထွဋ်သည် အလင်္ကာလွန်းအား သွားလေးစိပြသည် ။
အလင်္ကာကလည်း သေမယ်ဟူသည့်ဒီဇိုင်းဖြင့် လည်ပင်းကို လက်ဖြင့်ဖြတ်ပြနေသည် ။" ဂလု ''
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မနေ့က မေမေ့သူငယ်ချင်းဖင်ယားမှု၏အကျိုးဆက်အနေဖြင့် အားလပ်ရက်တစ်နေကုန်လုံးခြေချစရာတောင်
မရှိသော အိပ်ခန်းအားရှင်းလင်းရန် မေမေမှတာဝန်
ပေးခဲ့သည် ။
YOU ARE READING
The First Step Of Our Dreams