Zawgyi
" အလင်္ကာမြန်မြန်လုပ် သားခွန်းမြတ်စောင့်နေတာကြာပြီ ''
" မေမေ သားဆွယ်တာအပြာလေးကော ''
" ငါဘယ်သိမှာလဲ နင့်ဘာနင်ထားချင်ရာထားပြီး ''
သီတင်းကျွတ် ၁၀ ရက်ပိတ်ပြီးအကြာတွင်ပြန်ဖွင့်သော
ကျောင်းဖွင့်ရက်အတွက် အလင်္ကာတစ်ယောက်အလုပ်ရှုပ်နေသည် ။ ခွန်းမြတ်ထွဋ်မှအောက်ထပ်တွင်စောင့်ပြီး နာရီဝက်လောက်အကြာမှာတော့ တွန့်ကြေနေတဲ့ကျောင်းဝတ်စုံ အမွေးတွေလုံးနေတဲ့ဆွယ်တာအပြာလေးနဲ့ ခေါင်းမဖြီးဘဲဆင်းလာတဲ့ အလင်္ကာအားတွေ့လိုက်ရ၍
နှုတ်ခမ်းလေး တွန့်ကွေးသွားသည်အထိပြုံးလိုက်မိသည်။" အလင်္ကာ ငါမီးပူတိုက်ပေးထားတာကို ယူနီဖောင်း
ကဘယ်လိုဖြစ်နေတာလဲ ''" ဟာ ကျောင်းနောက်ကျပြီ ခွန်းမြတ်ထွဋ်သွားရအောင်
သွားပြီနော်မေမေ ''မေမေ့၏ နဂါးမျက်စောင်းနှင့်ပါးစပ်သေနတ်အား အလျင်အမြန်ရှောင်ရှားရန် ခွန်းမြတ်ထွဋ်အားဆွဲ၍ အလင်္ကာ
ထွက်လာခဲ့သည် ။" ဟူး သွားရအောင် မြန်မြန်သွားမယ် ''
" ဟုတ်ပါပြီဗျ ''
" မောင်းတော့လေ ဘာလုပ်နေတာလဲ ''
အလင်္ကာလွန်းမှဆိုင်ကယ်ပေါ်တက်၍ ထိုင်နေသည်မှာ တစ်မိနစ်နီးပါးရှိနေပြီဖြစ်သော်လည်း ဆိုင်ကယ်
အဝါလေးမှာ ရွေ့လျားသေးခြင်းမရှိတာကြောင့် အလင်္ကာမှ စိတ်မရှည်စွာနှင့်ပြောလိုက်သည် ။" ကိုကိုမှ ကျွန်တော့်ခါးကိုမဖက်သေးတာ ''
" ဟာ အရေးထဲသောက်ရူးနဲ့ လာတွေ့နေသေးတယ် ''
ပြောပြောဆိုဆိုနဲ့ အလင်္ကာလွန်း၏လက်လေးသည် ခွန်းမြတ်ထွဋ်၏ ခါးပေါ်သို့ရောက်သွားတော့သည် ။ ထိုနှင့်တပြိုင်နက် ဆိုင်ကယ်အဝါလေးသည်လည်း မြင်ကွင်း
မှတဖြည်းဖြည်း ပျောက်ကွယ်သွားလေသည် ။◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
" သီတင်းကျွတ် ကျောင်းပိတ်ရက်မှာပျော်ခဲ့ကြရဲ့လား''
" မပျော်ဘူးဗျ ပျော်တယ်ရှင့် ''
အမျိုးမျိုးသော အဖြေစကားများနှင့်အတူ Future (က.ပ.က) ၏ Section (A) သည်ဆူညံနေတော့သည် ။
YOU ARE READING
The First Step Of Our Dreams