Episode (48)

1.4K 157 19
                                    

Zawgyi

၄၃ ရက်.....။

တဖြည်းဖြည်းနှင့် ဝင်ခွင့်စာမေးပွဲသို့နီးကပ်လာသည်မှာ ၄၃ရက် သာကျန်တော့သည် ။ ဤ ၄၃ ရက်အတွင်းရှိကြိုးစားအားထုတ်မှုသည် အမျိုးမျိုးသောဘဝတက်လမ်းများအား အဆုံးအဖြတ်ပေးနိုင်သည် ။ အကောင်းဆုံးဖြစ်ရမည်ဟူသော ခံယူချက်နှင့်အညီ အလင်္ကာသည် အပြင်းအထန်စာလုပ်နေသည် ။

မိုးကုတ်မြို့၏ ဒီဇင်ဘာဆောင်းသည် ရေများအချပ်လိုက်ခဲသည်အထိ အေးလှသည် ။ ခြံဝင်တံခါးများပေါ်တွင်ရေခဲချပ်များကပ်နေတတ်ပြီး မြက်ပင်များပေါ်တွင်လည်း နှင်းများခဲနေတတ်သေးသည် ။ ဤသို့သော
အေးလှသော ဒီဇင်ဘာဆောင်းရာသီ၌ အလင်္ကာသည် မနက်(၄) နာရီထကာ မေးခွန်းဟောင်းများ အထပ်ထပ်လေ့ကျင့်နေသည် ။

လက်ချောင်းလေးများအေးခဲ၍ ကပ်နေသောကြောင့်အာငွေ့ဖြင့်အပူပေးကာ လက်ဖဝါးနှစ်ဖက်အားနွေးသွားစေရန် ထပ်ခါထပ်ခါပွတ်နေသည် ။ အနွေးဦးထုက်စောင်းထားသည့်တိုင်အောင် နားရွက်ဖျားများက အေးစက်ထုံကျင်နေသည် ။ သို့သော်လည်း ' စာလုပ်ရမယ် စာလုပ်ရမယ် ' ဟုအထပ်ထပ်ရွတ်ကာ ဘုရားခန်းတွင် အားတင်း၍စာလုပ်နေသည် ။

" ကိုကို ''

ခွန်းမြတ်ထွဋ်နိုးလာချိန်တွင် အလင်္ကာအားလိုက်ရှာသောအခါ လက်ဖဝါးနှစ်ဖက်အားအထပ်ထပ်ပွတ်လိုက် ၊ စာတစ်ကြောင်းရေးလိုက်လုပ်နေသော အလကာင်္၏ပုံကြောင့် စိတ်မကောင်းဖြစ်ရသည် ။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပင် အလင်္ကာ၏အရည်အချင်းနှင့်ဆိုလျှင် တစ်နိုင်ငံလုံးမှ ကြိုက်တဲ့တက္ကသိုလ်အားအေးဆေး အောင်သည်ဟု အာမခံထားသော်လည်း အလင်္ကာမှာ တစ်ရက် ၊ တစ်ရက် ညများပင်မအိပ်ပဲ စာအသည်းသန်လုပ်နေသည် ။ ဝင်ခွင့်စာမေးပွဲအတွက် ရက်ပိုနီးလာလေလေ ၊ အလင်္ကာမှာစာအလွန်အကြူးလုပ်လာလေ ဖြစ်သည် ။ အစားကောင်းကောင်းမစား၍ အိပ်ရေးဝဝမအိပ်သည့် အကျိုးဆက်များကြောင့် အလင်္ကာ၏မျက်တွင်းများသည် ချိုင့်ကာ ၊ ပါးရိုးများချောင်ကျလာတော့သည် ။ ရှေ့မျက်စိဖုံးနေသောဆံပင်နှင့် တဖြည်းဖြည်းပိန်လာသောအလင်္ကာသည် လူမမာတစ်ယောက်သဖွယ် ။

The First Step Of Our DreamsWhere stories live. Discover now